မွန်ပြည်နယ်အလံအဖြစ် အသုံးပြုရန် အနီရောင်အောက်ခံ ရွှေဟင်္သာပုံပါဝင်သောပုံကို မွန်ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်

မွန်ပြည်နယ်အလံအဖြစ် အသုံးပြုရန် အနီရောင်အောက်ခံ ရွှေဟင်္သာပုံပါဝင်သောပုံကို မွန်ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်
by -
နောင်ခန့်

မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးရန်ရှိသော မွန်ပြည်နယ်အလံကို ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့အစည်းအဝေးတွင် အနီရောင်အောက်ခံ ရွှေဟင်္သာပုံပါ၊ စာသားမပါဝင်သည့် အောက်ဖော်ပြပါပုံကို အတည်ပြုဆုံးဖြတ်ခဲ့သည်။

မွန်ပြည်နယ်အလံအတွက် လွှတ်တော်ကိုယ်စားလှယ်များက သတင်းမီဒီယာတို့တွင် အများပြည်သူမဲပေးထားသော မဲကို ကိုးကားဆွေးနွေးခဲ့ပြီး အများပြည်သူတို့၏ ဆန္ဒကို အလေးထားကြောင်း ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူ ထောက်ခံသော အနီရောင်အောက်ခံ ရွှေရောင်ဟင်္သာပုံပါ အလံပုံစံကိုသာ တခဲနက်ရွေးချယ်ပေးရန် လွှတ်တော်၏ ဆန္ဒကို တောင်းခံခဲ့သည်။

အလံကြောင့်ဖြစ်ပေါ်လာသော ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို တာဝန်ယူ၊ တာဝန်ခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ထပ်ဆင့်ဆွေးနွေးခဲ့သည်။

အတည်ပြုပုံစံမှာ အလျား (၆) ပေ၊ အနံ (၄) ပေ၊ အောက်ခံအနီ၊ အလယ်တွင် ရွှေရောင်ဟင်္သာအဖိုဖြစ်ပါသည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...