မွန်ပြည်နယ်အလံအဖြစ် အသုံးပြုရန် အနီရောင်အောက်ခံ ရွှေဟင်္သာပုံပါဝင်သောပုံကို မွန်ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်

မွန်ပြည်နယ်အလံအဖြစ် အသုံးပြုရန် အနီရောင်အောက်ခံ ရွှေဟင်္သာပုံပါဝင်သောပုံကို မွန်ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်
by -
နောင်ခန့်

မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးရန်ရှိသော မွန်ပြည်နယ်အလံကို ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့အစည်းအဝေးတွင် အနီရောင်အောက်ခံ ရွှေဟင်္သာပုံပါ၊ စာသားမပါဝင်သည့် အောက်ဖော်ပြပါပုံကို အတည်ပြုဆုံးဖြတ်ခဲ့သည်။

မွန်ပြည်နယ်အလံအတွက် လွှတ်တော်ကိုယ်စားလှယ်များက သတင်းမီဒီယာတို့တွင် အများပြည်သူမဲပေးထားသော မဲကို ကိုးကားဆွေးနွေးခဲ့ပြီး အများပြည်သူတို့၏ ဆန္ဒကို အလေးထားကြောင်း ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူ ထောက်ခံသော အနီရောင်အောက်ခံ ရွှေရောင်ဟင်္သာပုံပါ အလံပုံစံကိုသာ တခဲနက်ရွေးချယ်ပေးရန် လွှတ်တော်၏ ဆန္ဒကို တောင်းခံခဲ့သည်။

အလံကြောင့်ဖြစ်ပေါ်လာသော ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို တာဝန်ယူ၊ တာဝန်ခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ထပ်ဆင့်ဆွေးနွေးခဲ့သည်။

အတည်ပြုပုံစံမှာ အလျား (၆) ပေ၊ အနံ (၄) ပေ၊ အောက်ခံအနီ၊ အလယ်တွင် ရွှေရောင်ဟင်္သာအဖိုဖြစ်ပါသည်။

Most read this week

December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...