ချင်းဘုံဘာသာစကားကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်မဟုတ်ပဲ အဆိုအဖြစ် မှတ်တမ်းတင်ထား

ချင်းဘုံဘာသာစကားကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်မဟုတ်ပဲ အဆိုအဖြစ် မှတ်တမ်းတင်ထား

ချင်းဘုံဘာသာစကားအကြောင်း လွှတ်တော်၌ ဆွေးနွေးလျှင် အဖြေထွက်နိုင်မည် မဟုတ်သည့်အတွက် မဆွေးနွေးသေးပဲ မှတ်တမ်းအဖြစ်သာ ထားရှိကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲက ပြောသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲက “အဆိုတော့ရှိတယ်။ ဒါပေမယ့်မှတ်တမ်းအနေနဲ့ပဲထားတယ်။ ဆွေးနွေးဖို့မဟုတ်ဘူး။ ဆွေးနွေးရင်လည်း အဖြေထွက်ဖို့ခက်မယ်။ အဲဒါထက်စာရင် ဒေသဘာသာစကားသင်တဲ့ ဆရာ/မတွေကို ပိုခန့်ထားနိုင်ရင် ပိုအဆင်ပြေမယ်လို့ထင်တယ်။ မြို့နယ်တိုင်းမှာ ကိုယ့်စာပေကို အခြေခံနဲ့သင်ပြီး အခြားမြို့နယ်က ဘာသာစကားနှစ်ခုလောက်ကိုလည်း ထပ်သင်တာမျိုးပိုကောင်းမယ်လို့စဉ်းစားတယ်။ မြို့နယ်တိုင်းမှာ ဒေသဘာသာစကားသင်ပေးမယ့် ဆရာ/မတွေကိုလည်း လုံလောက်အောင်မခန့်နိုင်သေးတော့ ဒီနှစ်အတွင်းတော့အဆင်ပြေမှာမဟုတ်ဘူး။ နောက်နှစ်မှစဖို့စဉ်းစားထားတယ်” ဟုပြောသည်။

ချင်းလူမျိုးများအနေဖြင့် ဘုံဘာသာစကားမရှိသေးခြင်းကြောင့် ဘုံဘာသာစကားနှင့်ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရန် တွန်းဇံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ချင်းပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ချင်းလူမျိုးအကြားတွင် ဘုံဘာသာစကားနှင့်ပတ်သက်ပြီး ထင်မြင်ချက်များစွာရှိနေပြီး သဘောထားကွဲလွဲမှု လည်းများစွာရှိနေသည်။ ချင်းလူမျိုးကြားတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် မြို့နယ်တစ်ခုနှင့် တစ်ခုကြား ဘာသာစကားကွဲပြားမှုများရှိနေပြီး အများအားဖြင့် မိမိဒေသခံများနှင့်မဟုတ်ပဲ အခြားမြို့နယ်မှ ချင်းလူမျိုးအချင်းချင်းတွေ့ဆုံဖြစ်လျှင် ဗမာဘာသာစကားကို အသုံးပြုလျက်ရှိသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...