ချင်းဘုံဘာသာစကားကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်မဟုတ်ပဲ အဆိုအဖြစ် မှတ်တမ်းတင်ထား

ချင်းဘုံဘာသာစကားကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်မဟုတ်ပဲ အဆိုအဖြစ် မှတ်တမ်းတင်ထား

ချင်းဘုံဘာသာစကားအကြောင်း လွှတ်တော်၌ ဆွေးနွေးလျှင် အဖြေထွက်နိုင်မည် မဟုတ်သည့်အတွက် မဆွေးနွေးသေးပဲ မှတ်တမ်းအဖြစ်သာ ထားရှိကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲက ပြောသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲက “အဆိုတော့ရှိတယ်။ ဒါပေမယ့်မှတ်တမ်းအနေနဲ့ပဲထားတယ်။ ဆွေးနွေးဖို့မဟုတ်ဘူး။ ဆွေးနွေးရင်လည်း အဖြေထွက်ဖို့ခက်မယ်။ အဲဒါထက်စာရင် ဒေသဘာသာစကားသင်တဲ့ ဆရာ/မတွေကို ပိုခန့်ထားနိုင်ရင် ပိုအဆင်ပြေမယ်လို့ထင်တယ်။ မြို့နယ်တိုင်းမှာ ကိုယ့်စာပေကို အခြေခံနဲ့သင်ပြီး အခြားမြို့နယ်က ဘာသာစကားနှစ်ခုလောက်ကိုလည်း ထပ်သင်တာမျိုးပိုကောင်းမယ်လို့စဉ်းစားတယ်။ မြို့နယ်တိုင်းမှာ ဒေသဘာသာစကားသင်ပေးမယ့် ဆရာ/မတွေကိုလည်း လုံလောက်အောင်မခန့်နိုင်သေးတော့ ဒီနှစ်အတွင်းတော့အဆင်ပြေမှာမဟုတ်ဘူး။ နောက်နှစ်မှစဖို့စဉ်းစားထားတယ်” ဟုပြောသည်။

ချင်းလူမျိုးများအနေဖြင့် ဘုံဘာသာစကားမရှိသေးခြင်းကြောင့် ဘုံဘာသာစကားနှင့်ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရန် တွန်းဇံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ချင်းပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ချင်းလူမျိုးအကြားတွင် ဘုံဘာသာစကားနှင့်ပတ်သက်ပြီး ထင်မြင်ချက်များစွာရှိနေပြီး သဘောထားကွဲလွဲမှု လည်းများစွာရှိနေသည်။ ချင်းလူမျိုးကြားတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် မြို့နယ်တစ်ခုနှင့် တစ်ခုကြား ဘာသာစကားကွဲပြားမှုများရှိနေပြီး အများအားဖြင့် မိမိဒေသခံများနှင့်မဟုတ်ပဲ အခြားမြို့နယ်မှ ချင်းလူမျိုးအချင်းချင်းတွေ့ဆုံဖြစ်လျှင် ဗမာဘာသာစကားကို အသုံးပြုလျက်ရှိသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...