မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများ၏ ဖက်ရှင်ပြပွဲ (Fashion Show) စွမ်းရည် ယှဉ်ပြိုင်

မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများ၏ ဖက်ရှင်ပြပွဲ (Fashion Show) စွမ်းရည် ယှဉ်ပြိုင်
by -
စောရှား

ကလေးများ၏ပင်ကိုယ် အရည်အသွေးများကို မြှင့်တင်ပေးရန်နှင့် တိုင်းရင်းသားများ၏အမျိုးသားရေး လက္ခဏာများ ထိန်းသိမ်းရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဆာသူးလေ အထက်တန်းကျောင်းခန်းမတွင် မဲဆောက်ဒေသရှိ ရွှေ့ပြောင်းမြန်မာအထက်တန်းကျောင်း ၃ ကျောင်းမှ ကျောင်းသူကျောင်းသားများက ၎င်းတို့၏ ဖက်ရှင်ပြပွဲ(Fashion Show) စွမ်းရည်ကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို စူဝမ်နမစ်ပညာရေးဖောင်ဒေးရှင်းက ဦးဆောင်ကာ သူးမွဲခီး၊ ကလေးများဖွံ့ဖြိုး တိုးတက်ရေး စင်တာ(Children Development Center – CDC)၊ ဆာသူးလေကျောင်းများမှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများက ကရင်ရိုုးရာ၊ ကျောင်းသားဝတ်စုံ၊ မော်ဒယ်ရှိုး စသည့် ဖက်ရှင်ပြိုင်ပွဲသုံးခုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက် ရေးတာဝန်ခံ စောကွိက ပြောသည်။

၎င်းက “ဒီနှစ်ထူးခြားတာက ကျောင်းသားတွေရဲ့ ဖက်ရှင်ဝတ်စုံတွေအားလုံးကို ဆရာ၊ ဆရာမတွေရဲ့ အကူအညီမပါဘဲ သူတို့ (ကျောင်းသား၊ ကျောင်းသူများ) ဟာ သူတို့ အချင်းချင်း ဒီဇိုင်းပေးဆွဲထားတာဆိုတော့ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်း အရည်အချင်းတွေလည်း ထွက်ပေါ်လာတယ်။ နောက်ပြီး ကရင်ပြည်နယ်နဲ့ ထိုင်းက ကရင်ကျောင်း သားတွေကိုလည်း ဖိတ်ထားတယ်။ အချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုအားကောင်းအောင်နဲ့ နောက်နှစ် လာပြိုင် လို့လည်းရအောင်ပါ။ ”ဟု ပြောသည်။

ယခုနှစ် Mr နှင့် Mrs Oasis 2017 ဆုများကို CDC ကျောင်းမှ စောဇော်လင်းထက်နှင့် နန်းရှားလားလားတို့မှရရှိခဲ့ပြီး ကျောင်းအလိုက် စုံတွဲပြိုင်ပွဲဖြစ်သည့် ကရင်ရိုုးရာ နှင့် မော်ဒယ်ရှိုး ပထမဆုများကို ဆာသူးလေကျောင်းမှလည်းကောင်း၊ ကျောင်းသားဝတ်စုံကို CDC ကျောင်းမှလည်ကောင်း ရရှိခဲ့ကြသည်။

ယခုပြိုင်ပွဲအား ထိုင်းနိုင်ငံ နာမည်ကျော် ကရင်ဂီတပညာရှင် စောချေစူဝစ်ချန်း (Chi Suwichan) ဦးဆောင်သော တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ကရင်ပြည်နယ်၊ ဖားအံမြို့မှ ကရင်ကျောင်းသားများရိပ်သာ(Karen Students Center) မှ ကျောင်းသား ကျောင်းသူများလည်း တက်ရောက်လေ့လာခဲ့သလို ပွဲတာဝန်ရှိသူများ၊ နိုင်ငံ ခြားဧည့်သည် တော်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ အပါအဝင် စုစုပေါင်း ၅၀၀ကျော် လာရောက်အား ပေးခဲ့ကြသည်။

CDC ကျောင်းမှ လာရောက်ယှဉ်ပြိုင်သည့် ၁၁တန်းကျောင်းသူ Mrs Oasis 2017 ဆုရှင် နန်းရှားလားလားက “ရမယ်လို့မထင်ဘူးပေါ့နော်။ ခုလိုရတော့ အရမ်းပျော်တယ်။ ကျောင်းသားတွေရဲ့ ရည်မှန်းချက်၊ လုပ်ချင်တဲ့အရာတွေအတွက် အခွင့်အလမ်းဖော်ထုတ်ပေးတဲ့အတွက် ပွဲစီစဉ်သူတွေကိုလည်းကျေးဇူးတင်တယ်။ ဝတ်စုံ ဒီဇိုင်းဝိုင်းဆွဲတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းကျောင်းများ ပထမအကြိမ်မြောက်ပြိုင်ပွဲကို ၂၀၁၆ခုနှစ်တွင်တစ်ကြိမ် စတင်ကျင်းပခဲ့ပြီး ဖက်ရှင်ပြပွဲအပြင် သီချင်းဆိုနှင့် အက ပြိုင်ပွဲများတွင် အဆိုပါကျောင်း ၃ကျောင်းမှ ပြိုင်ပွဲတစ်ခုချင်းစီ လက်ခံယှဉ်ပြိုင် ကျင်းပခဲ့ကြသည်။

ယခုနှစ် ဒုတိယအကြိမ်မြောက်ဖက်ရှင်ပြပွဲ(Fashion Show)ပြိုင်ပွဲကို ဆာသူးလေကျောင်းတွင်ကျင်းပခဲ့သလို အကပြိုင်ပွဲကို ဇူလိုင်လတွင် CDC ကျောင်း၌လည်းကောင်း၊ သီချင်းဆိုပြိုင်ပွဲကို အောက်တိုဘာလတွင် သူးမွဲခီး၌လည်းကောင်း အလှည့်ကျလက်ခံပြုလုပ်ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...