အမေရိကန်ဒေါ်လာ ၅၆ သန်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးများအား တစ်နေ့တည်း မီးရှို့ဖျက်ဆီး

အမေရိကန်ဒေါ်လာ ၅၆ သန်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးများအား တစ်နေ့တည်း မီးရှို့ဖျက်ဆီး
by -
မဇ္စျိမ
ဓာတ်ပုံ-သူရ
ဓာတ်ပုံ-သူရ
မြန်မာနိုင်ငံနေရာအနှံ့တွင် ဇွန် ၂၆ ရက်၌ ၂၉ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ကုန်ကူးမှု တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် အစိုးရက အမေရိကန်ဒေါ်လာ ၅၆ သန်းဖိုးပမာဏရှိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒုတိယရဲချုပ် ကျော်ကျော်မင်းက ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးတို့အပါအဝင် နေရာများတွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွင်း မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး ပမာဏတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၉ ဒဿမ ရ သန်းရှိကြောင်း တိုင်းဒေသကြီးရဲချုပ် နိုင်ဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း ယင်းနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးအဓိကမြို့ကြီးသုံးမြို့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးပမာဏတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၄၄ ဒဿမ ၆၅ သန်းရှိသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မူးယစ်ကင်းစင်ရေးစီမံချက်အား ၂၀၁၄-၁၅ မှ ၂၀၁၈-၁၉ သို့ တိုးမြှင့်ခဲ့သည်။

အရှေ့တောင်အာရှဒေသတွင်း မြန်မာနိုင်ငံသည် အကြီးဆုံးဘိန်းစိုက်ပျိုးသည့် နိုင်ငံဖြစ်နေပြီး ကမ္ဘာ့တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်နေသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...