လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ ဘဝရှင်သန်ရေး ပိုခြိမ်းခြောက်လာ

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ ဘဝရှင်သန်ရေး ပိုခြိမ်းခြောက်လာ
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။

ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ အရပ်သားထိခိုက်သေဆုံးသူ ဦးရေမှာလည်း တိုးလာနေပြီး ထိုအထဲ ကလေးငယ် ထိခိုက်မှု များလာနေသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်တွင် ကလေးငယ် သေဆုံးဒဏ်ရာရရှိသူ ၃၅ ဦးထိ ရှိကြောင်း DMG စာရင်းက ဖော်ပြသည်။

လေကြောင်းအန္တရာယ်ကြား ကလေးငယ်များမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ပြင်းထန် လာနေသဖြင့် ဘဝရှင်သန်ရေးအတွက် ပိုမိုခြိမ်းခြောက်မှုကြီးဖြစ်လာနေသည်ဟု အုပ်ထိန်းသူများက ပြောသည်။

“ဗုံးကြဲတုန်းက ကျမက အိမ်မှာ မရှိဘူး။ ဗုံးကြဲသံကြားတာနဲ့ ကျမလည်း ကလေးတွေကို စိုးရိမ်ပြီး အပြေးလိုက်လာတယ်။ ကလေးတွေ ဘယ်လောက်ကြောက်မလဲ မပြောတက်တော့ပါဘူး။ ဗုံးကြဲပြီး တဲ့ ညကဆို ကျမကလေးတွေ တညလုံး ဖျားတာ” ဟု မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာက ဒေါ်ဝင်းဝင်းက ပြောသည်။

ဧပြီလ ၁၉ ရက် မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာ ဗုံးကြဲမှုတွင် ကလေးငယ်နှစ်ဦးအပါအဝင် ၁၃ ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ပြာကျသွားခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ကျေးရွာက ကလေးငယ် များမှာ လေယာဉ်သံကြားသည်နှင့် ဆောက်တည်ရာမရဖြစ်နေကြသည်ဟု ကျေးရွာသားများက ဆိုသည်။

ယခုနောက်ပိုင်း စစ်ကောင်စီက လေယာဉ်အုပ်စုဖြင့် ဗုံးကြဲမှုများ လုပ်လာနေပြီး စစ်ရေးနှင့်မသက်ဆိုင် သည့် အရပ်သားနေထိုင်ရာ မြို့/ရွာ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသည်။

“အခုက လေယာဉ်အုပ်စုလိုက် လာကြဲတော့ သေဆုံးမှုကလည်း အရမ်းများတယ်။ အဲထဲမှာ ကလေးသူငယ်က အများစု ပါဝင်နေတာ တွေ့ရတယ်။ ကလေးတွေရဲ့ စိတ်ဒဏ်ရာကုစားဖို့ ကလည်း လုံးဝအဖြေရှာလို့ မရသေးတဲ့ အခြေအနေဖြစ်နေသေးတယ်။ တချို့ကလေးတွေဆို လွတ်လွတ် လပ်လပ်တောင် မကစားရဲတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုက ကလေးတွေရဲ စိတ်နဲ့ဘဝတွေကို သတ်နေတာ” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဗုံးကြဲမှုကြောင့် ကလေးငယ်များမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နေရပြီး ၎င်းတို့၏ နေ့စဉ် ဘဝများကို စိုးရိမ်ထိတ်လန့်မှုများဖြင့် ဖြတ်သန်းနေကြရသည်။

စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသက ကလေးငယ်များမှာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုတို့ကြောင်း အသက်ရှင်သန်ရေး၊ လုံခြုံရေးနှင့် လွတ်လပ်စွာပညာသင်ကြားခွင့်စသည့် ဥပဒေပါ အခြေခံအခွင့် အရေးများမှ ကာကွယ်ပေးမှု ကင်းမဲ့နေကြရသည်။

Most read this week

ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...