မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဒေသခံ ၁,၀၀၀ ခန့် အရေးပေါ်အကူအညီလို

မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဆိပ်ဖြူဒေသခံ ၁,၀၀၀ ခန့် အရေးပေါ်အကူအညီလို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ နေအိမ်များကို စစ်အုပ်စုတပ်ဖွဲ့ က မီးရှို့ဖျက်ဆီးသွား၍ မီးဘေးသင့် ဒေသခံ ပြည်သူများအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။

ဆိပ်ဖြူမြို့၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၁) မှ စစ်အုပ်စုတပ်ဖွဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် အဆိုပါ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ပေါင်း ၉၅ လုံးအထိ မီးလောင် ပြာကျသွားခြင်း ဖြစ်ကြောင်း မီးဘေးသင့် ဒေသခံများကို ကူညီပေးနေသူ တဦးက ပြောသည်။

၎င်းက “ အခုလောလောဆယ်ကတော့အဆင်ပြေသလိုမိုးကာလေးတွေနဲ့သစ်ပင်တွေအောက်မှာနေရပါတယ်။ ဘေးနီးစပ်ရာက ထမင်းထုပ်ပို့နေပါတယ်။ အဝတ်ထည်တွေစားဖို့ရိက္ခာတွေလည်းလိုအပ်ပါတယ်။ ဘာဆိုဘာမှမကျန်ခဲ့ပါဘူးဗျ။ တတ်နိုင်ဘက်ကကူပေးစေလိုပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ရေပုပ်ကျေးရွာမှ နေအိမ်ခြေ  ၂၀ လုံးနှင့် ဇီးဖြူကောင်းကျေးရွာမှ နေအိမ်  ၇၅ လုံး အထိ မီးလောင်ပြာကျသွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ပြည်သူ ၁,၀၀၀ နီးပါးရှိပြီး၊ လတ်တလောတွင် အမိုးအကာများ ဆောက်လုပ်ရန် ဝါး ၁၀,၀၀၀ ခန့် နှင့် အမိုးသက္ကယ်များဝယ်ယူနိုင်ရန်အတွက် အကူအညီများလိုအပ်နေ  ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောသည်။

“လက်ရှိက မိုးဦးကျ ကာလ နေပူလိုက်မိုးရွာလိုက်နဲ့ အမိုးအကာတွေဆောက်လုပ်ပေးနိုင်ဖို့ အရေးတကြီးလိုအပ် နေပါတယ်” ဟု ၎င်းက ဆိုသည်။

မီးဘေးသင့် ပြည်သူများတွင် သက်ကြီးရွယ်အိုများလည်း ပါဝင်သောကြောင့် ဆေးဝါးလိုအပ်ချက်များလည်းရှိ နေကြောင်း သိရသည်။ 

ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ (၂၁) မှ စစ်အုပ်စုတပ်ဖွဲ့သည် မကြာခဏဆိုသလို စစ်ကြောင်းထွက်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလေ့ရှိကြောင်း သိရသည်။

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...