ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးတို့အပါအဝင် နေရာများတွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွင်း မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး ပမာဏတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၉ ဒဿမ ရ သန်းရှိကြောင်း တိုင်းဒေသကြီးရဲချုပ် နိုင်ဝင်းက ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း ယင်းနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးအဓိကမြို့ကြီးသုံးမြို့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးပမာဏတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၄၄ ဒဿမ ၆၅ သန်းရှိသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မူးယစ်ကင်းစင်ရေးစီမံချက်အား ၂၀၁၄-၁၅ မှ ၂၀၁၈-၁၉ သို့ တိုးမြှင့်ခဲ့သည်။
အရှေ့တောင်အာရှဒေသတွင်း မြန်မာနိုင်ငံသည် အကြီးဆုံးဘိန်းစိုက်ပျိုးသည့် နိုင်ငံဖြစ်နေပြီး ကမ္ဘာ့တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်နေသည်။







