ကရင်နီပြည်နယ်တပ် ပေါ်ပေါက်ရေး အမှတ် (၁) အယ်လ်ဖာစစ်ဒေသဖွဲ့စည်း

ကရင်နီပြည်နယ်တပ် ပေါ်ပေါက်ရေး အမှတ် (၁) အယ်လ်ဖာစစ်ဒေသဖွဲ့စည်း
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်

ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁ အယ်လ်ဖာစစ်ဒေသကိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။

"ဒီတော်လှန်ရေးမှာ အထူးသဖြင့် ကရင်နီမှာပေါ့နော။ စည်းလုံးညီညွတ်ပြီးတော့မှ တသွေး၊ တသံ၊ တမိန့်တည်းနဲ့ စစ်ရေးကိုအကောင်ထည်ဖော်နိုင်တဲ့ ပြည်နယ်တပ်ဖြစ်ဖို့ကို မျှော်လင့်တယ်။ ဒီစစ်ဒေသတွေဖွဲ့စည်းလိုက်တာကလည်း ညီညွတ်သောကရင်နီပြည်နယ်တပ် ပေါ်ဖို့အတွက် ရှေ့ပြေးလုပ်ဆောင်ချက်တွေဖြစ်ပါတယ်" လို့ KNDF ပြန်ကြားရေးတာ၀န်ခံ တာအယ်စိုးကပြောပါတယ်။ 

အမှတ် ၁ အယ်လ်ဖာစစ်ဒေသကို KNDF စစ်ဗျူဟာအမှတ် ၁ နဲ့ အမှတ် ၈ အပါအ၀င် မိုးဗြဲ PDF ၊ Local တပ်တချို့ ပူးပေါင်းပြီး ဧပြီ ၂၁ ရက်နေ့မှာ ဖွဲ့စည်းကြောင်း ကြေညာထားတာပါ။

တပြည်နယ်လုံးအတိုင်းအတာနဲ့ ညီညွတ်ရေးတပ် မတည်ဆောက်နိုင်ခင်အထိ ကရင်နီပြည်သမိုင်းကြောင်းအရရှိခဲ့တဲ့ ကရင်နီပြည်၊ နယ်လေးနယ်ထဲက မိုးဗြဲနယ်မှာ  တော်လှန်ရေးတပ်တွေကို တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းပြီး တော်လှန်ရေးခရီးကိုရှေ့ဆက်ဖို့ ရည်ရွယ်တယ်လို့လည်း တပ်ပေါင်းစုထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တစ်ဖက်မှာလည်း အာဏာတည်မြဲရေးအတွက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အစိုးရဖွဲ့စည်းမှုအပြောင်းအလဲတွေ လုပ်ဆောင်နေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေလည်း တော်လှန်ရေး ရည်မှန်းချက်ကိုရောက်အောင် ဆောင်ရွက်သွားမှာဖြစ်တာကြောင့် နှစ်ဖက်ထိတွေ့မှုတွေ ပိုမိုဖြစ်ပွားလာနိုင်တယ်လို့ တာအယ်စိုးက ပြောပါတယ်။ 

အခုဖွဲ့စည်းလိုက်တဲ့ အမှတ် ၁ အယ်လ်ဖာစစ်ဒေသက ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကာကွယ်ရေး၀န်ကြီးဌာန (DOD )၊ ကရင်နီ ပူးတွဲစစ်ဦးစီးကော်မတီ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တို့ရဲ့ နိုင်ငံရေး၊စစ်ရေး နဲ့ အုပ်ချုပ်ထောက်ပံ့မှု အစီအမံအောက်မှာ တည်ရှိနေမှာဖြစ်ပါတယ်။

July 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့်...
July 14, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန့်မိုင်နန်းဆွိုင် ဒုက္ခသည်စခန်း (ခေါ်) ဒုက္ခသည်စခန်း အမှတ်...
July 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နတ်တောင်စစ်ရှောင်စခန်းရှိ မိသားစုများ၏...
July 10, 2026
၃ နှစ်ကျော်ကြာ ရပ်နားထားသည့် လွိုင်ကော် - ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲတော့မည်ဟု...