ကသာမှာ စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်ဘေးတပ်ဖြန့်ထား

ကသာမှာ စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်ဘေးတပ်ဖြန့်ထား

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး ကျေးရွာတွေမှာ တပ်ဖြန့်ကာအထိုင်ချနေရာယူထားကြတယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်က ထီးချိုင့်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ ၁၃ ရက်နေ့မှာ ကသာမြို့ကို စစ်ယာဥ်တန်း ၂၂ စီးခန့်ဝင်ရောက်လာပြီး မြို့‌စောင့်တပ်ဖြစ်တဲ့ ခမရ ၃၀၉ နဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီထဲက စစ်ကောင်စီတပ်သားတစ်ချို့ဟာ စည်းရုံးရေးတပ်လို့ခေါင်းစဉ်တပ်ထားပြီး ကသာမြို့ဧရာဝတီမြစ်ကမ်းနံဘေးကကျေးရွာတွေမှာလည်းဖြန့်ကျက်ထားကြသလို ကျေးရွာတွေကအရပ်သားတွေကိုလည်း အနှောင့်အယှက်ပေးတာမျိုးတွေမလုပ်ဘူးလို့သိရပါတယ်။

“စစ်ကြောင်းတွေနဲ့အရပ်သားတွေနဲ့လည်းတွေ့တယ်။ ကျနော်တို့လည်း သူတို့ဝင်ပြီးမှသွားတယ်။ ကျနော်တို့ကိုလည်း ကြည့်ပဲ ကြည့်တယ်။ ပြီးတော့ ရွာထဲကဆိုင်ကယ်တွေလည်းငှားစီး ပြန်တော့လာထားပေးတယ်။ သူတို့ကစည်းရုံးရေးတပ်လို့ပြောတယ်။ ဆေးခန်းတွေဖွင့်ပေးမယ်အဲ့လိုလည်းပြောတယ်။ သူတို့ရဲ့အစိုးရယန္တရားလည်ပတ်ဖို့လုပ်မယ့်သဘောရှိတယ်”လို့ ဧရာဝတီမြစ်ကမ်းနဘေးမှာနေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ကသာမြို့ဧရာဝတီမြစ်ကမ်းနံဘေးကကျေးရွာတွေဖြစ်တဲ့ သာဂရ၊ အင်းရွာလေး၊ ကလုံ၊ ကျောက်ပုံ၊ သံပုရာ၊ ညောင်ခြေထောက် အပါအဝင် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေဖြန့်ကျက်နေရာယူထားကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထီးချိုင့်–ကသာအဓိကလမ်းမကြီးကိုထိန်းချုပ်ဖို့အတွက်လည်း ရည်ရွယ်ထားပုံရပြီး လက်ရှိ ကသာမြို့ ဧရာဝတီမြစ်ကမ်းနဘေးမှာ အင်အားဘယ်လောက်အထိုင်ချနေရာယူထားတယ်ဆိုတာကိုတော့ ဒေသခံ တွေဆီကအတည်မပြုနိုင်သေးပါဘူး။

“သူတို့က အင်အားကလည်းတော်တော်များတယ် ကသာကိုရောက်လာတာက။ အခုက ဧရာဝတီမြစ်နဘေးကကျေးရွာတွေ အားလုံးမှာ ဖြန့်ချက်ထားတာ။ ပြီးတော့ ထီးချိုင့်–ကသာမိန်းလမ်းကိုအဓိကထိန်းချုပ်ထားတယ်။ ပြီးတော့ မြစ်နဘေးက ရွာတွေရောပေါ့”လို့ အထက်ပါဒေသခံအမျိုးသားတစ်ဦးကဘဲ ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်း– ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလနောက်ပိုင်းကစပြီး မြို့သိမ်းတိုက်ပွဲနဲ့ လေကြောင်း/မြေပြင်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မြို့ခံအများစု စစ်ဘေးရှောင်ခဲ့ရတာ ဒီနေ့အထိဖြစ်ပါတယ်။

ဒါပေမဲ့ လက်တလော စစ်ကောင်စီတပ်ဖွဲ့တွေ ကသာမြို့ကိုပြန်လည်ဝင်ရောက်ပြီးတဲ့နောက် မြို့တွင်းပြန်ဝင်လာကြတဲ့ အရပ်သားတွေလည်းရှိသလို ထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်းရှိနေဆဲအခြေနေဖြစ်ပါတယ်။

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...