AA နဲ့ SSPP တွေ့ဆုံမှု သတင်းအဟောင်းသာဖြစ်

AA နဲ့ SSPP တွေ့ဆုံမှု သတင်းအဟောင်းသာဖြစ်

Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ စစ်ဘက်ခေါင်းဆောင် အရည်အသွေးမြှင့်တင်ဖို့ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

Deep Sigh ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဧပြီ ၂၆ ရက်မှာ “ ULA/AA and SSPP/SSA Hold Talks on Strengthening Military Leadership Training” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဓာတ်ပုံ လေးပုံကို ပါ ဖြန့်ဝေခဲ့ပါတယ်။

ဒီသတင်းကို ကြိုက်နှစ်သက်သူ ၂,၀၀၀ ကျော်ဖြစ်ခဲ့သလို မြန်မာလိုဘာသာပြန်ကာ ပြန်လည်ကူးယူဖြန့် ဝေတင်ဆက်မှုတွေလည်း ရှိနေတာပါ။ မြန်မာလိုရေးသားဖြန့်ဝေမှုတွေမှာတော့ အဲ့ဒီပုံတွေနဲ့ပဲ “စစ်ဘက် ခေါင်းဆောင်မှုအရည်သွေး မြှင့်တင်ဖို့ AA နှင့် SSPP ခေါင်းဆောင်များ တွေ့ဆုံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ဝေခဲ့ကြပါတယ်။

မဇ္ဈိမက ဒီပုံတွေနဲ့ အကြောင်းအရာကို Google Image Search ကနေတဆင့် အချက်အလက်စစ် ဆေးခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဒီပုံလေးပုံကို စစ်ဆေးလိုက်တဲ့အခါမှာ ဒီနှစ် ဧပြီ ၂၆ ရက်က ဖြစ်စဉ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်က ပုံဖြစ်နေတာကိုတွေ့ရပါတယ်။

“ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် နှင့် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ် အမူဆောင်တို့တွေ့ဆုံ” ဆိုတဲ့ သတင်းမှာ ပါဝင်ခဲ့တဲ့ ပုံတွေဖြစ်ပြီး SSPP Info ဖေ့စ်ဘုတ်စာမျက်နှာက နေ ဖော်ပြထားခဲ့ပြီးသားဖြစ်ပါတယ်။ လင့် - https://shorturl.at/aUV7k

SSPP Info စာမျက်နှာမှာ အခုနှစ် ဧပြီ ၂၆ ရက်မှာတော့ ဘာအကြောင်းအရာမှ ဖော်ပြထားတာမရှိသလို AA ရဲ့ တရားဝင် တယ်လီချန်နယ်မှာ ဧပြီ ၂၀ ရက်နေ့က နောက်ဆုံးဖော်ပြထားတာသာရှိပြီး ထပ်မံ ဖော်ပြထုတ်ပြန်တာမျိုးတွေမရှိပါဘူး။

ဒါ့ကြောင့် အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ စစ်ဘက်ခေါင်းဆောင် အရည်အသွေးမြှင့်တင်ဖို့ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းဟာ အမှန်တကယ် မဟုတ်ဘဲ အရင်ကပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ လိုသလိုပုံဖော်ပြန်လည်ရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...