နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ရောက်ရှိမလာ၍ ရှေ့ဆက်တိုးရာမှ အလုပ်သမားသပိတ်ဖြိုခွင်းခံလိုက်ရ

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ရောက်ရှိမလာ၍ ရှေ့ဆက်တိုးရာမှ အလုပ်သမားသပိတ်ဖြိုခွင်းခံလိုက်ရ
by -
မဇ္စျိမ
စစ်ကိုင်းမှ ချီတက်လာသည့် အလုပ်သမားသပိတ်စစ်ကြောင်းသည် နေပြည်တော် နယ်နမိတ်သို့ စတင်ဝင်ရောက်လာစဉ် နေပြည်တော်ကောင်စီမှ အုပ်ချုပ်ရေးအာဏာပိုင်တို့က စတင်တားဆီးခဲ့သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်နယ်နိမိတ်အစဖြစ်သည့် တပ်ကုန်းမြို့နယ် အဝင် မိုင်တိုင် ၂၈၄ မိုင် ၄ ဖာလုံတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် အလုပ်သမားသပိတ် ထိပ်တိုက်တွေ ့ဆုံခဲ့ပြီး အလုပ်သမားများဘက်မှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တွေ ့ဆုံလိုသည်ဟု တောင်းဆိုခဲ့သည်။

အလုပ်သမားများ၏ တောင်းဆိုမှုကို ဥတ္တရသီရီခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်ဥပဒေအရာရှိတို့က နေပြည်တော်ကောင်စီထံအကြောင်းကြားပေးခဲ့ကာ နေ့လည် ၁နာရီမတိုင်မီ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် အရောက်လာမည်ဟု အလုပ်သမားများကို ဥတ္တရသီရီခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မေလ ၁၈ ရက်နံနက် ၁၁း၃၀ခန့်၌ ပြောကြားခဲ့သည်။

နေ့လည် တစ်နာရီအချိန်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သပိတ်စခန်းရှိရာသို ့ လာရောက်မည်မဟုတ်ဘဲ တပ်ကုန်းမြို ့တွင်သာ အလုပ်သမားခေါင်းဆောင် ငါးဦးအား ခေါ်ယူတွေ ့ဆုံမည်ဟု ဥတ္တရသီရီခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သဖြင့် အလုပ်သမားများက လက်မခံနိုင်ဘဲ သပိတ်ဆက်လက်ချီတက်ရန် ပြင်ဆင်ရာမှာ ရဲများနှင့် ထိပ်တိုက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

ဆက်လက်ချီတက်လာသည့် အလုပ်သမားများကို လူစုခွဲရန် ရဲတပ်ဖွဲ ့မှ လော်စပီကာဖြင့် ကြေငြာခဲ့သော်လည်း လူစုမခွဲသည့်အတွက် ရဲတပ်ဖွဲ့က နေ့လည် ၁နာရီခွဲခန့်တွင် အင်အားသုံးကာ သပိတ်ကို ဖြိုခွင်းပြီး အလုပ်သမားများ နှင့်ဝန်းရံသူများကို အချုပ်ကားသုံးစီးဖြင့် တပ်ကုန်းရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...