ကျောက်ဖြူ SEZ စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းချက်ကြောင့် မြေကွက်များ အရောင်းဝယ် ရပ်ဆိုင်းနေ

ကျောက်ဖြူ SEZ စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းချက်ကြောင့် မြေကွက်များ အရောင်းဝယ် ရပ်ဆိုင်းနေ
by -
မဇ္စျိမ
 ကျောက်ဖြူမြို့နယ်အတွင်း အထူးစီးပွားရေးဇုန်တည်ဆောက်မည့် စီမံကိန်းတွင် ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလာကြသည့် အတွက် မြေယာစျေးကွက်မှာ လှုပ်ခတ်မှုများ ရှိနေခဲ့သော်လည်း ယင်းစီမံကိန်း၏ ပွင့်လင်းမြင်သာမှု အားနည်းချက်ကြောင့် ယခုနှစ်တွင် မြေယာ အရောင်း အဝယ် စျေးကွက်မှာ အလုပ်မဖြစ်တော့ဘဲ ရပ်ဆိုင်းလျှက်ရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်သည် ရေနံနှင့် ရွှေသဘာဝဓါတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများအပြင် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး စီမံကိန်းများပါ ဝင်ရောက်လာသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားလာနိုင်သဖြင့် ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်များက ကျောက်ဖြူမြို့နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အထူးစိတ်ဝင်စားခဲ့ကြရာ SEZ ပြုလုပ်ရန် သတ်မှတ်ထားသည့် ဧရိယာအတွင်း မြေစျေးကွက်မှာ အနည်းငယ် အားကောင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“SEZ လုပ်ဖို့အတွက် စပြီးသတင်းတွေထွက်ပေါ်လာတဲ့ အချိန်မှာတော့ မြေစျေးတွေက လှုပ်ခတ်တဲ့ သဘောကိုတော့ မရောက်ဘူး။ အရောင်းအဝယ်တော့ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ လှုပ်ခတ်မှုတွေမရှိသလို အရောင်းအဝယ်လည်းမရှိတော့ဘူး။ အရင်ကတော့ ပင်လယ်ကမ်းစပ်တွေမှာ လိုက်ဝယ်ထားကြတာတွေရှိတယ်။ ကုန်းတွင်းပိုင်းမှာတော့ မရှိသေးဘူး။ SEZ နဲ့ပါတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကို မသိကြဘူး။ အစပိုင်းကတော့ ပူပူနွေးနွေးဆိုတော့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာလည်း သတင်းအချက်အလက်တွေ မရတော့ တစ်ချို့ကလည်း မြှုပ်နှံရတာတွေ စိုးရိမ်မှုတွေရှိလာတယ်လို့ ထင်ပါတယ်။”ဟု ကျောက်ဖြူမြို့ခံ ဦးထွန်းလွင်ကပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းကို CITTIC Group မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသတွင်းရှိ တခြားသော စိတ်ပါဝင်စားသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံလိုပါက ပူးပေါင်း ပါဝင်နိုင်ကြောင်းပြောဆိုထားသော်လည်း ယင်း SEZ တွင်မည်သည့် စီးပွားရေးလုပ်ငန်းများ ပါဝင်မည်ကို မသိရှိရသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံရန်အတွက် အခက်အခဲရှိနေကြောင်းသိရသည်။

“မြေစျေးတွေကတော့ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ဒေသက်ပေါက်စျေးထက်သိပ်ပြီး ပေးဝယ်တာတော့မရှိဘူး။  ဘာကြောင့်လဲဆိုတော့ ဒေသခံတွေ အချင်းချင်း အရောင်းအဝယ်ဖြစ်တာ မို့လို့ပါ။ ကျွန်တော်သုံးသပ်တာက နောက်ပိုင်းအရောင်းအဝယ် မလုပ်ကြတာဟာ SEZ နဲ့ပါတ်သက်လို့ အကောင်အထည်ဖော်လာဖို့ အချိန်ကာလကိုလည်း မသိကြတော့ အဲဒီမြေတွေမှာငွေကြေး   မြုပ်နှံထားဖို့ကလည်း မဖြစ်နိုင်ဘူး။ မြေဝယ်ထားတဲ့သူတွေကလည်း အရင်းအနှီးတွေ နစ်မြုပ်နေတော့ ဘယ်အချိန်ပေါ်လာမလဲ၊ ဘယ်လိုပြန်ရောင်းရမလဲ ဆိုတာကို မသိတော့ အခက်အခဲဖြစ်နေကြပါတယ်”ဟု သူကဆိုသည်။

အဆိုပါကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ယခင်အစိုးရနှင့် တရုတ်အစိုးရတို့ နှစ်နိုင်ငံ စီးပွားရေးဇုန် အဖြစ်ပြုလုပ်ရန် သဘောတူခဲ့ကြသည့် စီမံကိန်းတစ်ခုဖြစ်သော်လည်း လက်ရှိအခြေအနေတွင် တရုတ်အစိုးရက အများဆုံး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာမည်ဖြစ်ကာ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကိုသာ အဓိကထား ပြုလုပ်လာမည့် စီးပွားရေးဇုန်ဖြစ်လာနိုင်ကြောင်း ဒေသတွင်း စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြကြောင်းလည်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...