ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ
by -
မဇ္ဈိမ
ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ပြိုင်ရန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၈ ဦး စာရင်းပေးသွင်းထားရာ ၁၇ ဦး ပယ်ချခံခဲ့ရသည်ဟု ပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မိုဟာမက်ရှောင်အနောရူလာဟောက်က မဇ္စျိမသို့ ပြောသည်။

ပြည်နယ်လွှတ်တော်တွင် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၃ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅ ဦးတို့က မောင်တောခရိုင်၊ စစ်တွေခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရာ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အတွက် တစ်ဦးသာ ကိုယ်စားလှယ်လောင်း စာရင်းပါခဲ့သည်ဟု ဆိုသည်။

Democracy and HRights Party Logo

“ကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်းထွက်ပြီး (၇) ရက်အတွင်း ကျွန်တော်တို့အယူခံ ဝင်ပါတယ်။ ပြည်နယ်ကော်မရှင်က ထပ်ပြီး ပယ်ချလိုက်တာပါ။”ဟု ဦးကျော်မြင့်က ပြောသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၇ ဦးမှ ၁၁ ဦးသည် မိဘနှစ်ပါး နိုင်ငံသားမဖြစ်သည့် အကြောင်းပြချက်ဖြင့် ပယ်ချခံရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းပယ်ချခံထားသူ ၂၁ ဦး၏ အယူခံအား စက်တင်ဘာ ၉ ရက်နေ့က ကြားနာစစ်ဆေးရာ ထို ၂၁ ဦးလုံးကို ထပ်မံပယ်ချခဲ့သည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးသူရိန်ထွဋ်က ပြောကြားသည်။

ပယ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ၁၁ ဦး၊ အမျိုးသားဖွ့ံဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီမှ ၆ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁ ဦးနှင့် တသီးပုဂ္ဂလ ၃  ဦးတို့ ဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...