ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ
by -
မဇ္ဈိမ
ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ပြိုင်ရန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၈ ဦး စာရင်းပေးသွင်းထားရာ ၁၇ ဦး ပယ်ချခံခဲ့ရသည်ဟု ပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မိုဟာမက်ရှောင်အနောရူလာဟောက်က မဇ္စျိမသို့ ပြောသည်။

ပြည်နယ်လွှတ်တော်တွင် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၃ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅ ဦးတို့က မောင်တောခရိုင်၊ စစ်တွေခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရာ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အတွက် တစ်ဦးသာ ကိုယ်စားလှယ်လောင်း စာရင်းပါခဲ့သည်ဟု ဆိုသည်။

Democracy and HRights Party Logo

“ကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်းထွက်ပြီး (၇) ရက်အတွင်း ကျွန်တော်တို့အယူခံ ဝင်ပါတယ်။ ပြည်နယ်ကော်မရှင်က ထပ်ပြီး ပယ်ချလိုက်တာပါ။”ဟု ဦးကျော်မြင့်က ပြောသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၇ ဦးမှ ၁၁ ဦးသည် မိဘနှစ်ပါး နိုင်ငံသားမဖြစ်သည့် အကြောင်းပြချက်ဖြင့် ပယ်ချခံရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းပယ်ချခံထားသူ ၂၁ ဦး၏ အယူခံအား စက်တင်ဘာ ၉ ရက်နေ့က ကြားနာစစ်ဆေးရာ ထို ၂၁ ဦးလုံးကို ထပ်မံပယ်ချခဲ့သည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးသူရိန်ထွဋ်က ပြောကြားသည်။

ပယ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ၁၁ ဦး၊ အမျိုးသားဖွ့ံဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီမှ ၆ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁ ဦးနှင့် တသီးပုဂ္ဂလ ၃  ဦးတို့ ဖြစ်သည်။

January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
January 9, 2026
တိုက်ပွဲများ ဖြစ်ပွားနေသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင်...
ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေကို စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ်ငွေဖြင့် လဲလှယ်ပေးရမည့် ပမာဏကို ၁၀ ရာခိုင်နှုန်းလျှော့ချသတ်မှတ်လိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၈) ထုတ် စစ်ကော်မရှင် ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။  (MOI)
January 9, 2026
ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေကို စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်သတ်မှတ်ဈေး...
မုဒုံမြို့နယ် ကတုံးပေါ်ရွာ မီးလောင်မှုအတွင်း ပျက်စီးသွားသည့် နေအိမ်များ။ ကတုံးပေါ်ရွာ၌ ဇန်နဝါရီလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၆၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
January 8, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကတုံးပေါ်ရွာ၌ ယနေ့ (ဇန်နဝါရီလ ၈ ရက်) မီးလောင်မှုဖြစ်ပွားရာ နေအိမ်...