မောင်တောတွင် စိတ်ကြွဆေးပြား ၁ သိန်း ရ သောင်းဖမ်းမိ

မောင်တောတွင် စိတ်ကြွဆေးပြား ၁ သိန်း ရ သောင်းဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် ကညင်ချောင်း နှင့် တက်ချောင်း အကြားကမ်းစပ်တွင် wy စိတ်ကြွဆေးပြား ၁ သိန်း ရ သောင်းတိတိကို ယနေ့ နံနက် ၈ နာရီ ၂၅ မိနစ်တွင် ဖမ်းဆီးမိခဲ့သည်ဟု နယ်ခြားစောင့် အရာရှိ တစ်ဦးက ပြောသည်။

မောင်တောမြို့နယ် နတ်မြစ်ဝအတွင်း ဦးရှေဂျချောင်းဝ သို့ လှည့်ကင်းလည့်ရန် POE စခန်မှ ထွက်ခွာလာသော သဲကိုကိုဇော်ဦးစီးသည့် စစ်သည် ၄ ဦးပါ ရာဘာ ကင်းလှည့်ရေယာဉ်သည်တက်ချောင်းနှင့် ကညင်ချောင်းကြား အရောက် တွင် မင်္သကာဖွေလူတစ်စုအားတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာမှ ၎င်းလူများမှာ ထွက်ပြေးသွားခဲ့ကြသည်။

၎င်း မင်္သကာဖွယ်လူတစ်စုမှာ ဒီရေတောအတွင်းသို့ထွက်ပြေးသဖြင့် အမ်း ၁၁ သေနတ်ဖြင့် တစ်ချက် နှစ်ချက် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ ၎င်းလူများသည် ဒီရေတောမှ တစ်ဆင့် နယ်စပ် ခြံစည်းရိုးအား ဖြတ်ကျော်၍ ကုန်းတွင်းပိုင်းသို့ ထွက်ပြေးသွားခဲ့ကြဟု ၎င်း အရာရှိက ရှင်းလင်း ပြောကြားသည်။

ထွက်ပြေး သွားသည့် တရားခံများအား ဖမ်းဆီးရမိရေး အတွက် ကညင်ချောင်းနယ်ခြားစောင့် စခန်းသို့ ဆက်သွယ် သတင်းပို့ပေးခဲ့ပြီး ၎င်း မင်္သကာဖွယ်ရာ လူတစ်စုထွက်ပြေးသွားသည့် နေရာအား တပ်ဖွဲဝင်များ ဖြင့် ပိုက်စစ်တိုက် ရှာဖွေခဲ့ကြရာ မနက် ၉ နာရီ အချိန်တွင် ကညင်ချောင်း နှင့် တက်ချောင်း အကြားကမ်းစပ်၌ ဆာလာအိတ်ဖြင့် မူယစ်ဆေးဟုယူဆရသော အထုပ် (၁)ထုပ်အား တရားခံမဲ့ သိမ်းဆည်းရမိခဲ့သည်။

၎င်းသိမ်းဆည်းရမိသောအထုပ် အားရေယာဉ်ပေါ်တင်ဆောင်ပြီး ၉ နာရီ ၁၅ မိနှစ်တွင် POEစခန်းသို့ အရောက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အတူ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ wy စာတမ်းပါစိတ်ကြွဆေးပြား ၁၇၀၀၀၀ ပြားကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

သိမ်းဆည်းရမိသော wy စိတ်ကြွဆေးပြား ၁၇၀၀၀၀ ပြားအား မေလ ၂၄ရက် နေ့လယ် ၁၁ နာရီ အချိန်တွင် အမှတ် (၄၆) မူးယစ် တပ်ဖွဲ့စု (မောင်တော)မှ ရဲအုပ် အောင်ကျော်မိုး (ဦးစီးအဖွဲ့) ထံသို့စနစ်တကျ လွဲပြောင်း အပ်နှံလိုက်ကြောင်းသိရပါသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...