ကျောက်ဖြူ ပန်းထိမ်တန်းတွင် မီးလောင်မှုဖြစ်ပွား

ကျောက်ဖြူ ပန်းထိမ်တန်းတွင် မီးလောင်မှုဖြစ်ပွား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ပန်းထိမ်တန်း လျှပ်စစ်ပစ္စည်းပြုပြင်ဆိုင်တွင် မေလ ၂၅ ရက် နံနက် ၂ နာရီ ၃၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

fireဆိုင်ခန်းငှားပြီး လျှပ်စစ်ပစ္စည်းအဟောင်းများ လုပ်ကိုင်ပြုပြင်နေသူ ဦီးဇော်မင်းကြည်မှ အခန်းထဲရှိ လျှပ်စစ်ပင်မခလုတ်အား မပိတ်ဘဲထားခဲ့ရာမှ အပူလွန်ကဲပြီး လျှပ်စစ်ပစ္စည်းများအား မီးကူးစက်လောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးလောင်သည့်ဆိုင်ခန်းမှာ ပိုင်ရှင် ဦးတင်ငွေ၏ ဆိုင်ခန်းအမှတ်(၁၆) အလျား(၁၂)ပေ အနံ(၈)ပေရှိ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း (၁)ထပ် ဆိုင်ခန်း အပေါ်ထပ်ခိုးနှင့်အမိုးများနှင့် ဆိုင်ခန်းတွင်း လျှပ်စစ် ပစ္စည်းဟောင်းများ ပျက်စီးသွာသည်။

ဆိုင်ခန်းအမှတ်(၁၅)နှင့် (၁၇)တို့၏ အပေါ်မျက်နှာကြပ်နှင့် အမိုးအုတ်ကြွပ်များအားလည်း မီးကူးစက် ပျက်စီးသွားပြီး ဆိုင်ခန်း(၃)ခန်း၏ စုစုပေါင်း မီးလောင်ဆုံးရှံုးမှုတန်ဖိုးမှာ မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ ကျပ်(၆) သိန်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူလင်း ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးဖြင့် မီးသတ်ယဉ်(၄)စီးနှင့် ငြိမ်းသတ်ခဲ့ပြီး နံနက်(၃း၁၅)နာရီတွင် လုံးဝမီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး ဆိုင်ခန်းငှားသူ ဦးဇော်မင်းကြည် အသက်(၃၂)နှစ်အား (ပ)၉၆၂/၂၀၁၇/၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...