ကိုမောင်အေးအပါအဝင် ၂၄ ဦး ကျောက်ဖြူထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ

ကိုမောင်အေးအပါအဝင် ၂၄ ဦး ကျောက်ဖြူထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည့်စွဲချက်ဖြင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံထားရသော ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်အေးအပါအဝင် ကျောက်ဖြူထောင်မှ ၁၇(၁)(၂)ဖြင့် ထောင်ဒဏ်ကျနေသူ (၂၄)ဦး မေလ(၂၄)ရက် နံနက်(၉း၄၅)နာရီခန့်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာနေထိုင်သူ ကိုမောင်အေးသည် မတရားအသင်းအက်ဥပဒေ ၁၇(၁)(၂)ဖြင့် ထောင်ဒဏ်( ၂ )နှစ်ချမှတ်ခံထားရခြင်းဖြစ်ပြီး လွတ်ရက်ပြည့်ရန် (၂)လကျော်ခန့်အလိုတွင်သာ လိုလွတ်မြောက်လာသည်ဟုသိရသည်။

"ကျောက်ဖြူထောင်မှာ ၁၇(၁)(၂)နဲ့ ထောင်ဒဏ်ကျခံနေရသူ (၂၄)ဦးရှိပါတယ်။ အကုန်သူလွတ်ပါတယ်။ ရခိုင်တစ်ပြည်လုံး (၉၀)ဦးလောက်ရှိမယ်ထင်ပါတယ်"ဟုကျောက်ဖြူအကျဉ်းထောင်မှ အရာရှိတစ်ဦးကပြောသည်။

သံတွဲအကျဉ်းထောင်မှလည်း မတရားအသင်းအက်ဥပဒေ ၁၇(၁)(၂)ဖြင့် (၁၆)ဦးလွတ်မြောက်ကြောင်း သတင်းရရှိသည်။

၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာတွင် ဦးမောင်အေး၏နေအိမ်မှ စစ်ဘက်ရေးရာလုံခြံုရေးတပ်ဖွဲ့က ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးစဉ်တွင် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးမောင်အေး၊ ပေါက်တောမြို့နယ်၊ ယင်းရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင် တို့(၃)ဦးဖမ်းဆီးခံရသည်။

ကျောက်ဖြူထောင်မှလွတ်လာသူအားလုံးကို ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ ကိုမောင်အေး၏ နေအိမ်သို့ ကားဖြင့်ခေါ်ဆောင်သွားပြီး ယာယီနေထိုင်ရန်စီစဉ်ထားပါသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...