အမ်းမြို့နယ်တွင် ဘင်္ဂါလီ ၉ ဦးဖမ်းမိ

အမ်းမြို့နယ်တွင် ဘင်္ဂါလီ ၉ ဦးဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မေလ ၂၁ ရက် ယနေ့တွင် ဘင်္ဂါလီ ၉ ဦးကို ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။

njr2201ယင်းသို့ ဖမ်းမိရာတွင် နံနက်ပိုင်းတွင် ၆ ဦးနှင့် နေ့လယ်ပိုင်းတွင် ၃ ဦးဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ပထမ ၆ ဦးကို နံနက် ၉ နာရီခန့်က မအီဂိတ် အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဖြူခရိုင်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ဖမ်းဆီးရမိသူများမှာ အမ်းရဲစခန်းမှ ပေးပို့လာသော ကြေးနန်းစာအရ မာမောက်တာဟိန် အသက် ၂၀ (ဘ အဘူတူတယူ) ဝကောင်းကျေးရွာ ကျောက်တော်မြို့နယ်၊ ဆွေရာနု အသက် ၁၈ (ဘ အာမွတ်နု) အောက်ပိုက်သည်ရွာ ကျောက်တော်မြို့နယ်၊ ရှောင်ဘိဘူလာ အသက် ၂၃(ဘ ဟာမက်ဟူဆောင်း ) ခေါင်းတုတ် အလယ်ကျွန်းကျေးရွာ ကျောက်တော်မြို့နယ်၊ မိုဟာမက်ဂျူနိုက် အသက် ၂၅ (ဘ အဒူရော်ရှီ) လက်ဆောင်ကောက် ကျေးရွာ ကျောက်တော်မြို့နယ်၊ ဖူချူး အသက် ၁၈ (ဘ ဟဲလာ) ဝကောင်းကျေးရွာ ၊ ကျောက်တော်မြို့နယ် နှင့် ဘော်ရှိဒါဘေခေါင် (ခ) ချီချီမိုင် ၂၂ (ဘ များဟူဆောင်း) အောက်ပိုက်သည်ရွာ ကျောက်တော်မြို့နယ် တို့ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

အဆိုပါ ဘင်္ဂလီ ၆ ဦးကို တင်ဆောင်လာသူများမှာ ကားမောင်သူ နေပြည်တော် ပုပ္ပားသီရိ မြို့နယ် မောင်ခန့်ထည်ဝါ ၁၉ နှစ် (ဘ ဦးသက်လွင်ဦး) နှင့် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ မောင်ဇော်မျိုးထက် အသက် ၂၁ (ဘ ဦးတင်လှိုင်ဦး) တို့ ဖြစ်ပွားသည်။

ဖမ်းမိသည့်ဖြစ်စဉ်မှာ ကျောက်တော်ဘက်မှ တောင်ကုတ် ဘက်သို့ မောင်းနှင်လာသော Toyota Crown အနက်ရောင်ကားတစ်စီးကို သတင်းအရ အမ်းဂိတ်အရောက်တွင် ရဲက တားဆီးစဉ် ကားကို မရပ်ဘဲ ဂိတ်မောင်းတံကို တိုက်ပြီးထွက်ပြေးကြောင်း၊ အမ်း-မအီးကားလမ်း ၁ မိုင်/ ၅ ဖာလုံ မအီဂိတ်အနီးသို့ အရောက်တွင် မျိုးချစ်သူ ခရီးသည်တင်ယာဉ် တစ်စီးနှင့် တိုက်မိပြီး တိမ်းမှောက်သွားစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အခြား သီခြားဖမ်းမိသည့် ၃ ဦးနှင့် ပတ်သက်၍ ကြေးနန်းစာကို ကျောက်ဖြူခရိုင် ရဲစခန်းမှ မရရှိသေးကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

အဆိုပါ ၃ ဦးနှင့် ပတ်သက်၍ Kyaw Zoe ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားဖေါ်ပြထားရာတွင် အမ်းမြို့နယ် ပတ်ကွေ့ကျေးရွာအနီး မိုင်တိုင်အမှတ် ၈၆/၂ အနီး တောထဲတွင်ပုန်အောင်းနေသော ဘင်္ဂါလီ (၃) အား ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ နေ့လယ် ၁၂းဝဝ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ဖေါ်ပြထားသည်။

အဆိုပါဘင်္ဂလီများကို အရေးယူနိုင်ရန် အမ်းမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကို သိရှိနိုင်ရန် အမ်းမြို့မ ရဲစခန်းမှ ဂတ်စာရေးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ပထမအကြိမ်တွင် လက်ခံဖြေဆိုသော်လည်း မြို့ထဲတွင် ရောက်နေသည်ဟု အကြောင်း ပြန်ကြားခဲ့ပြီး နောက်ထပ် ၁၀ ကြိမ်ခန့် ကြိုးစားခေါ်ခဲ့သော်လည်း ဖုန်းကို လက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါ။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...