ရှေးဟောင်းမြို့တော် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ၂၀၂၀ မတိုင်မီ အပြီး ဆောင်ရွက်မည်

ရှေးဟောင်းမြို့တော် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ၂၀၂၀ မတိုင်မီ အပြီး ဆောင်ရွက်မည်
by -
နိရဥ္စရာ
ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို ရှေးဟောင်းကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်အမည်စာရင်းတင်သွင်းနိုင်လျှင် ၂ဝ၂ဝခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ်ပြုခံရနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။

မေလ ၁၇ ရက်နေ့က မြောက်ဦးမြို့တွင် ပြုလုပ်ကျင်းပခဲ့သော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်ရေး(ပထမအကြိမ်) အစည်းအဝေး အပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ထိုသို့ နိရဥ္စရာ သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းအစည်းအဝေးသို့ ယဉ်ကျေးမှုနှင့် သာသနာဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဌာနဆိုင်ရာများ၊ ယူနက်စကိုအဖွဲ့ဝင်များ၊ မြောက်ဦးဒေသ ရှေးဟောင်းသုတေသနအဖွဲ့များ၊ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

“ကမ္ဘာ့အမွေအနှစ်စံတင်ဖို့ နှစ်စဉ် နှစ်စဉ် ၉ လပိုင်း ၃ဝ ရက်နေ့မှာ မူကြမ်းတင်ရပါတယ်။ မူကြမ်း တင်ပြီး တော့မှ သူတို့ဘက်က ဒီမူကြမ်းပြည့်စုံခြင်း ရှိ/ မရှိဆိုတာကို နှစ်စဉ် ဒီဇင်ဘာလမှာ အကြောင်း ပြန်ပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က ဖြည့်စွက်ချက်တွေကို ဖြည့်စွက်ပြီးတော့ နှစ်စဉ် ဇန်နဝါရီ ၃၁ မှာ နောက်ဆုံး ထားပြီးတော့မှ အပြည့်အစုံတင်သွင်းရမှာဖြစ်ပါတယ်။ ၂ဝ၁၉ ဇန်နဝါရီ ၃၁ ကို ကျွန်တော်တို့က ဦးတည် ချက်ထားမယ်ဆိုရင် ၂ဝ၂ဝ ဇွန်လမှာ ပြုလုပ်တဲ့ အကမ္ဘာအမွေအနှစ်အစည်းအဝေးမှာ သတ်မှတ် ခံရမှာဖြစ်ပါတယ် ” ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။

အခုလိုမျိုး ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနစ်များကို ဒေသခံများက ယခုထက်မက ပိုမိုထိန်းသိမ်းတန်ဖိုးထားကြရန်နှင့် အမှိုက်သရိုက်စွန့်ပစ်ခြင်းများကိုလည်း စနစ်တကျဖြစ်စေရန် ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ နေအိမ်ဆောက်လုပ်မှုကိုလည်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်၏ စံနှုန်းနှင့်အညီ ဆောက်လုပ်ရန်လိုအပ်ကြောင်း ယူနက်စကိုမှ ပညာရှင် မစ္စတာကိုင်းဝိုက်စ် (Mr. Kai Weise)က ပြောသည်။

“ပညာရှင်တွေအားလုံုးနဲ့ မြောက်ဦးမြို့ကို လေ့လာကြတဲ့အခါ လောင်ဗွန်းပြောက်စေတီကိုတွေ့တော့ မြန်မာနိုင်ငံမှာတောင်မက အရှေ့တောင်အာရှမှာ တစ်ခုတည်းသောအရှားပါးဆုံး စဥ့်ထည် လက်ရာကို တွေကို တွေ့ရတယ်လို့ သူတို့ကပြောပြပါတယ်။ နောက်တစ်ခုက နန်းရာဦးကုန်းကို စနစ်တကျ ထိမ်းသင့်ဆိုပြီးတော့ ပြောပါတယ်။ မြောက်ဦးမြို့ကို မှတ်ချက်ချတာကတော့ ကမ္ဘာ့ရှေးဟောင်းမြို့တော်အထဲမှာ မြောက်ဦးမြို့ဟာ အညစ်ပတ်ဆုံးမြို့လို့ မှတ်ချက်ချခံရတယ်။ ဆိုတော့ တော်တော်ရှက်ဖို့ကောင်းတယ်ပေါ့။ မြေက်ဦးမြို့မှာ နေထိုင်တဲ့လူတွေက စနစ်တကျ စည်းကမ်းရှိရှိနေထိုင်တတ်ဖို့လိုပါတယ်” ဟု မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...