ပေါက်တောမီးလောင်မှု နေအိမ်ဆိုင်ခန်းတွဲ ၁၅ လုံးဆုံးရှုံး၊ ၁၄ ဦးဒဏ်ရာရ

ပေါက်တောမီးလောင်မှု နေအိမ်ဆိုင်ခန်းတွဲ ၁၅ လုံးဆုံးရှုံး၊ ၁၄ ဦးဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ရပ်ကွက် ၃ စျေးအနီး ဓါတ်ဆီဆိုင်မှ နံနက် ၈ နာရီ ခွဲခန့်တွင် စတင်မီးလောင်ကျွမ်းခဲ့ရာ လူနေအိမ်နှင့် ဆိုင်ခန်းတွဲ ၁၅ လုံး မီးထဲပါသွားပြီး၊ ၁၄ ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

narinjara1701“ထိခိုက်ဒဏ်ရာရတာကတော့ ကျား ၁၃ ယောက် မ တစ်ယောက် စုစုပေါင်း ၁၄ ယောက်ပါ၊ နာမည် အတိအကျကို စာရင်းပြုစုနေဆဲပါ။ လူနေအိမ် ၁၅ လုံး လောင်ကျွမ်းသွားပါတယ်။ သွပ်မိုး ၀ါးထရံကာ အိမ်တွေက လုံးဝ ပျက်စီးသွာပါတယ်။ တိုက်အိမ် လုံးဝ ပျက်စီးသွားတာကတော့ နှစ်လုံးလောက်ပဲ ရှိပါတယ်။ ကျပ်သိန်း ၁၅၀ ဖိုး ဆုံးရှုံးခဲ့ပါတယ်”ဟု ပေါက်တောမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

နိုင်နိုင်ထွန်း အသက် ၄၁ နှစ် (ဘ ဦးလပြည့်) ဆီဆိုင်မှ နံနက် ၈ နာရီ ၃၀ ခန့်တွင် စတင်လောင်ကျွမ်းပြီး၊ ၉ နာရီ ၄၅ မိနစ်ခန့်တွင် မီးညွန့်ကျိုးကာ ၁၀ နာရီခန့်တွင် မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။

“ပေါက်တောမှာ ရှိတဲ့ မီးသတ်ကားနှစ်စီးနဲ့ မီးသတ်ဦးစီးကိုယ်တိုင် ဦးဆောင်ပြီး၊ မင်းပြား မြို့က မီးသတ်ကား နှစ်စီးနဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေရယ်၊ ပေါက်တောမြို့မ စခန်းမှူးဦးဆောင်တဲ့ ရဲအင်အား ၂၀ ကျော်၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ ရပ်ကွက်နေ ပြည်သူလူထုတွေက ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ကြတာပါ”ဟု အဆိုပါ ရဲအရာရှိကပြောသည်။

မီးလောင်ရာတွင် ဒဏ်ရာရရှိသူထဲမှ အိမ်ရှင် နိုင်နိုင်ထွန်း အပါအဝင် ကျားလူနာ ၄ ဦးကို စစ်တွေ ဆေးရုံသို့ ၁၀ နာရီကျော်တွင် ပို့လိုက်ကြောင်း၊ ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

ယခုလက်ရှိတွင် မီးလောင်ကျွမ်းရခြင်းကို စုံစမ်းစစ်ဆေးနေပြီး ဦးနိုင်နိုင်ထွန်းကို မီးပေါ့့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် သွားရန် စီစဉ်နေကြောင်း သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...