ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်းတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၅ လုံးခန့်ပြိုပျက်ပြီး၊ စက်လှေ တစ်စီးနစ်မြုပ်

ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်းတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၅ လုံးခန့်ပြိုပျက်ပြီး၊ စက်လှေ တစ်စီးနစ်မြုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ အင်္ဂရားချိုင်ကျွန်းတွင် ယနေ့ နံနက် ရ နာရီက လေဆင်နှာမောင်း ၀င်ရောက် တိုက်ခတ်သွားသဖြင့် လူနေအိမ် ၅ လုံးခန့် ပျက်စီးပြီး စက်လှေ တစ်စီးလည်း နစ်မြုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။

အင်္ဂရားချိုင်ကျွန်းရှိ သရက်ချောင်းကျေးရွာအုပ်စု သရက်ချောင်း ကျေးရွာတွင် ဦးစောသာချေ အိမ်မှာ လုံးဝ ပြိုပျက်သွားပြီး နောက်ထက် အနည်းငယ် ပျက်စီးသွားသော အိမ်များမှာ ဦးစောမောင်သန်း၊ ဒေါ်လှလှသိန်း၊ ဦးထွန်းစိန်မောင်တို့ ဖြစ်ကြောင်း သိရသည်။

သရက်ချောင်း ကျေးရွာမှ ဦးအောင်စံသာက “ အိမ်က လေး- ငါးလုံးလောက်ပျက်ပါတယ်။ ဦးစောသာချေအိမ်က လုံးဝ ပျက်စီးသွားပါတယ်။ အခက်အခဲကတော့ ဦးစောသာချေတို့အိမ်က အပျက်အစီးများပြီး နေရတာ အဆင်မပြေ ဖြစ်နေရပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လေဆင်နှာမောင်သည် နံနက် ရ နာရီခန့်တွင် အရှိပြင်းပြင်း ၀င်ရောက်လာသဖြင့်တစ်ရွာလုံး စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း၊ သစ်ပင်များ အိမ်များမှာ လေဆင်နှာမောင်းကြောင့် လူပ်ခါသွားခဲ့ကြောင်း၊ လေဆင်နှာမောင်ကြောင့် မြစ်ထဲတွင် သွားနေသော ရီဘိတ်ချိုင် ကျေးရွာမှ စက်လှေ တစ်စီး နစ်မြုပ်သွားကြောင်း ဦးအောင်စံသာက ပြောကြားသည်။

“ ရီဘိချိုင်က ကျနော် သရက်ချောင်းကဆိုရင် တစ်နာရီခွဲလောက် ခြေနဲ့သွားရပါတယ်။ စက်နှစ်လုံးတပ်ထားတဲ့ စက်လှေ မြုပ်သွားတယ်လို့ သိရပါတယ်။ အခု လူတွေက ပြန်ဆယ်လို့ စက်လှေကို ပြန်ရပေမယ့် စက်တွေက နိုးလို့ မရတော့ပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် တွင် မိုးဦးကာလတွင် မကြာခဏ လေဆင်နှာမောင်း ၀င်ရောက် တိုက်ခတ်တတ်သည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...