ဘူးသီးတောင်မြို့နယ်၌မိုင်းပေါက်ကွဲ၍ သေဆုံးသူ ၅ ဦးထဲတွင် ဘာသာရေးဆရာ ၂ ဦးနှင့် နိုင်ငံခြားသား ၂ ဦးပါ၀င်

ဘူးသီးတောင်မြို့နယ်၌မိုင်းပေါက်ကွဲ၍ သေဆုံးသူ ၅ ဦးထဲတွင် ဘာသာရေးဆရာ ၂ ဦးနှင့် နိုင်ငံခြားသား ၂ ဦးပါ၀င်
by -
နိရဥ္စရာ
 သေဆုံးနေသူ ၅ ဦးပုံ ဖြစ်ပါသည်။ ဓာတ်ပုံ- ကိုအောင်(ဒီဗွီဘီ)
သေဆုံးနေသူ ၅ ဦးပုံ ဖြစ်ပါသည်။ ဓာတ်ပုံ- ကိုအောင်(ဒီဗွီဘီ)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇားနယ်ခြားစောင့်စခန်းအပိုင် ကျောင်းတောင် အုပ်စု တင်းမေရွာအနီး တောစပ်တွင် ပေါက်ကွဲခဲ့သော လက်လုပ်မိုင်းဗုံးကြောင့် လူ ၅ ဦးသေဆုံးခဲ့ရာ ထိုအထဲတွင် ဘာသာရေးဆရာ ၂ ဦးနှင့် နို်င်ငံခြား ၂ ဦးတို့ ပါ၀င်ကြောင်း သတင်းရရှိသည်။

သဆုံးသူ အစ္စလာမ် ဘာသာရေး ဆရာနှစ်ဦးမှာ တင်းမေ ၃ ရပ်ကွက်နေ မော်လဝီ အဒူကော်ရိန်နှင့် ကျောင်းတောင် အလယ်ရွာနေ မော်လဝီယာဆိမ့်တို့ ဖြစ်ကြသည်။ နောက်ထပ် အရပ်သား တစ်ဦးမှာ စာကိုင်းကျေးရွာနေ ဇူပိုင် ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၀၀ အချိန်မှာ သတင်းအရ ရှာဖွေရာမှာ တင်းမေ ရွာနောက် သုံးမိုင်ခန့်အကွာမှာ မြေကြီးထဲမှာ မြုပ်ထားတဲ့ အလောင်း ၅ လောင်းကို တွေ့ရှိရပါတယ်။ အလောင်းသုံးလောင်းက ဘယ်သူတွေဆိုတာကို သိပေမယ့် ကျန်တဲ့ နှစ်လောင်းကို ကျွန်တော်တို့ မသိဘူး။ အဲဒီအထဲမှာ ဘာသာရေးဆရာ မော်လဝီ နှစ်ဦးပါ၀င်ပါတယ်” ဟု တောင်ဘဇား ရဲစခန်းမှ အလောင်းရှာဖွေရာတွင် ပါ၀င်သူ ရဲအရာရှိ တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မေလ ၄ ရက်နေ့ ညနေက မိုင်းလုပ်နေကြစဉ် ပေါက်ကွဲခဲ့မှုကြောင့် သေဆုံးခဲ့သူများအား မြုပ်နှံထားကြောင့် သတင်းအရ တောင်ဘဇား ရဲစခန်း ဒုရဲအုပ် ထွန်းနိုင်မှ ဦးစီးပြီး ရှာဖွေ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ တင်းမေ ကျေးရွာမှ သုံးမိုင်အကွာ တောစပ်အနီး တောင်ခြေရင်း မြေကြီးထဲတွင် မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ရသည်ဟု သူကဆိုသည်။

“ ကျွန်တော်တို့ ပထမတော့ သတင်းရတယ်။ စုံစမ်းရင်း စုံစမ်းရင်းနဲ့ အလောင်းတွေကို တွေ့တာပါ။ တူးဖော်ပြီးတဲ့နောက် ဆေးစာတွေ ရရှိဖို့ အလောင်းတွေကို ဘူးသီးတောင်မြို့နယ်ကို မေလ ၁၄ ရက်နေ့က ပို့ပါတယ်။ အလောင်းတွေက အနံံ့တွေ ခုထိ စွဲနေပါသေးတယ်။ နိုင်ငံခြားသား နှစ်ဦးက ဘယ်နို်င်ငံသား ဖြစ်တယ်ဆိုတာကိုတော့ ဘူးသီးတောင်မြို့ ဆေးရုံကို မေးစေချင်ပါတယ်။ ကျွန်တော်တို့ အသေးစိတ် မသိရပါဘူး” ဟု ပြောကြားသည်။

၎င်းအမှုအား တောင်ဘဇားနယ်ခြားစောင့် ရဲစခန်းတွင် (ပ) ၂၆ / ၂၀၁၇၊ ပေါက်ကွဲမှု အက်ဥပဒေ ပုဒ်မ (၃) ဖြင့် အမှုဖွင့်ထားပြီး စခန်း တာဝန်ခံ ရဲအုပ် ထွန်းနိုင်မှ ဖြစ်စဉ်နှင့် နောက်ဆက်တွဲ ဆက်စပ်မှုများအား လိုက်လံ စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

“ အခုအချိန်ထိ ဖမ်းတာဆီးတာတွေတော့ မရှိဘူး။ စုံစမ်းစစ်ဆေးမှုတွေတော့ ပြုလုပ်နေပါတယ်။ သေတဲ့အနားက ယမ်းနံ့တွေတော့ ရပါတယ်။ မိုင်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ နည်းနည်းပါးပါးဘဲ ရပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာ ကျန်လူတွေက လက်စ ဖျောက်ထားပါပြီ”ဟု ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ရာတွင် အဆိုပါနေရာ တောစပ်ပတ်ဝန်းကျင်တွင် ယာယီတဲဆောက်လုပ်နေထိုင်ခဲ့သည့် နေရာ ၂ ခု၌ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်ယမ်းနံ့များရရှိကြောင်း ရေးသား ဖော်ပြထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...