မြိုလူမျိုးအချင်းချင်းချစ်ခင် ရင်းနှီးမှုရစေရန် မြိုအမျိုးသားနေ့ ကျင်းပ

မြိုလူမျိုးအချင်းချင်းချစ်ခင် ရင်းနှီးမှုရစေရန် မြိုအမျိုးသားနေ့ ကျင်းပ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ရှိ မြိုလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရစေရန် ရည်ရွယ်၍ ဒုတိယ အကြိမ်မြောက မြိုအမျိုးသားနေ့ အခမ်းအနားကို ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင် ယနေ့ ကျင်းပနေသည်။

မေလ ၁၆ ရက်နေ့ ယနေ့တွင် ကျရောက်သော မြိုအမျိုးသားနေ့ အခမ်းအနားအား နံနက်ပိုင်းမှစတင်ကာ ဗန်ဗွီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပနေခြင်းဖြစ်သည်။

"မြိုလူမျိုးတွေအချင်းချင်း ချစ်ခင်ရင်းနှီးထိတွေ့ခွင်ရအောင်နဲ့ ကျနော်တို့မြိုလူမျိုး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလိုကျင်းပရတာဖြစ်ပါတယ်" ဟု မြိုစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစနီဖြူ က ပြောသည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ရှိ မြိုလူမျိုးတို့နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးပုန်ဘွေလည်း တက်ရောက်ခဲ့သည်။

"အခုလိုစည်းစည်းလုံံးလုံးနဲ့ ကျင်းပကြတာမြင်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်နှစ်မှာလည်း ဒီထက် စည်စည်ကားကားကျင်းပနိုင်ပါစေ"ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေက အခမ်းအနားတွင် ပြောခဲ့သည်။

မြိုလူမျိုးများသည် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ််များတွင် အများဆုံးနေထိုင်ကြသည်ဟုလည်း သိရသည်

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...