ရွှေသဘာဝဓာတ်ငွေ့ အကြီးဆုံး ဓာတ်အားပေးစက်ရုံ မြန်မာနိုင်ငံ အလယ်ပိုင်း တောင်သာတွင် တည်ဆောက်

ရွှေသဘာဝဓာတ်ငွေ့ အကြီးဆုံး ဓာတ်အားပေးစက်ရုံ မြန်မာနိုင်ငံ အလယ်ပိုင်း တောင်သာတွင် တည်ဆောက်
by -
နိရဥ္စရာ
တောင်သာမြို့တွင် လက်ရှိ တည်ဆောက်နေသည့် ၂၂၅ မဂ္ဂါ၀ပ် စက်ရုံကို တွေ့ရစဉ်/ ဓာတ်ပုံ- ကြေးမုံ။
တောင်သာမြို့တွင် လက်ရှိ တည်ဆောက်နေသည့် ၂၂၅ မဂ္ဂါ၀ပ် စက်ရုံကို တွေ့ရစဉ်/ ဓာတ်ပုံ- ကြေးမုံ။
ရခိုင်ကမ်းရိုးတန်းမှ ထွက်ရှိသည့် ရွှေသဘာဝ ဓာတ်ငွေ့ ဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေး စက်ရုံကို မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် တည်ဆောက်နေကြောင်း သတင်းရရှိသည်။

၎င်းစက်ရုံမှာ ၂၂၅ မဂ္ဂါ၀ပ် ထုတ်လုပ်ပေးနိုင်မည့် စက်ရုံ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရွှေသဘာဝဓာတ်ငွေ့ အသုံးပြု၍ တည်ဆောက်သည့် စက်ရုံထဲတွင် အကြီးဆုံး စက်ရုံဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းအရ သိရသည်။

၎င်းစက်ရုံကို စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Semb Crop က တည်ဆောက်နေပြီး ၂၀၁၈ခုနှစ် မေလတွင် အပြီးသတ် တည်ဆောက်မည်ဟု ဆိုသည်။

လက်ရှိတောင်သာမြို့နယ်တွင် Agrico ကုမ္ပဏီမှ တည်ဆောင်ထားသည့် ၉၀မဂ္ဂါ၀ပ် ထုတ်ယူနိုင်သည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် V-power ကုမ္ပဏီမှ တည်ဆောက်ထားသည့် ၁၃၃ မဂ္ဂါ၀ပ်ထုတ် သဘာဝ ဓာတ်ငွေ့သုံး စက်ရုံ တစ်ရုံ၊ ပေါင်း ၂ ရုံ တည်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည်ရွှေသဘာဝ ဓာတ်ငွေ့မှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန််း ၁၀၀ ရရှိထားပြီး အဆိုပါ ဓာတ်ငွေ့ဖြင့် ကျောက်ဆည်မြို့နယ်တွင် ၈၀ မဂ္ဂါ၀ပ် သဘာဝ ဓာတ်ငွေ့သုံး စက်ရုံတစ်ရုံ၊ တောင်သာမြို့နယ်တွင် သဘာဝ ဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံသုံးရုံးနှင့် ကျောက်ဖြူမြို့တွက် တစ်ရုံတို့ ဖြစ်ကြသည်။

လက်ရှိ ကျောက်ဖြူတွင် တည်ဆောက်ထားသည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံနှင့် ပတ်သက်ပြီး မြိ့နယ် လျှပ်စစ်အင်ဂျင်နီယာအား ဆက်သွယ်မေးမြန်းရာ လျှပ်စစ်ဓာတ်အား မီဂ္ဂါ၀ပ် ၉၀ သာ ထုတ်လုပ်သည့် စက်ရုံ ဖြစ်ကြောင်း၊ သို့သော် လက်တွေ့တွင် မဂ္ဂါ၀ပ် ၅၀ - ၆၀ သာ ထုတ်သည့်ဟု ခန့်မှန်းရကြောင်း၊ ယခုကဲ့သို့ အတိအကျ မပြောနိုင်ခြင်းမှာ ဓာတ်ငွေကို ကုဗပေဖြင့် ခွဲဝေ ရရှိ၍ ဖြစ်ကြောင်း၊ ဓာတ်ငွေ့ကုဗခွဲတန်းရရှိသည့် အထိသာ လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်ခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

“ လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ် မြို့ပေါ် ၁၀ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၄၅ ရွာမှာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေပါတယ်။ နောက်ထပ် ၂ ရွာ ထပ်တိုးထားတော့ ကျေးရွာပေါင်း ၄၇ ရွာထိ ရှိသွားပါပြီ" ဟု ကျောက်ဖြူမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးချမ်းမြေ့အောင်က နိရဥ္စရာသို့ပြောကြားသည်။

သို့သော် ကျောက်ဖြူ ဒေသခံအများစုကမူ ကျောက်ဖြူရှိ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါ၀ပ် မည်မျှ ထုတ်လုပ်သည်ကို အတိအကျ မသိရှိကြဟု သိရသည်။

“ ကျောက်ဖြူမှာတော့ ကျွန်တော်တို့ အတိအကျ မသိပါဘူး။ အခု လျှပ်စစ်ဓာတ်အား ထုတ်တာက ကန့်ကော်တော ဘုရားရှေ့မှာ ရှိပါတယ်။ ဘယ်လောက်ထုတ်တယ်ဆိုတာ အတိအကျ မသိဘူး။ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက သိပါလိမ့်မယ်” ဟု လူမှုရေး လူပ်ရှားနေသူ ဦးထွန်းနိုင်က ပြောသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...