ရသေ့တောင်နယ် ချွတ်ပြင်တွင် စစ်တပ်နှင့် နယ်ခြားစောင့်တပ် ကင်းသမားအချင်းချင်း ပစ်ခတ်၍ တစ်ဦးဒဏ်ရာရ

ရသေ့တောင်နယ် ချွတ်ပြင်တွင် စစ်တပ်နှင့် နယ်ခြားစောင့်တပ် ကင်းသမားအချင်းချင်း ပစ်ခတ်၍ တစ်ဦးဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင် နယ်မြေ အပိုင် ချွတ်ပြင်ကျေးရွာတွင် ကင်းယူနေသော စစ်သား တစ်ဦးမှ တစ်ခြားကင်းယူနေသည့် နယ်ခြားစောင့်တပ်သား တစ်ဦးကို ပစ်ခတ်သဖြင့် နယ်ခြားစောင့်တပ်သား တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ် အာကာ ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိ တစ်ဦးကို ကိုးကားပြီး မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

“ အခုဘဲ သေနတ်ဒဏ်ရာနဲ့ ဒုတပ်ကြပ် အာကာကို ချွတ်ပြင်ရွာကနေ ကားနဲ့စေတီပြင် တိုက်နယ်ဆေးရုံကို ယူလာပါတယ်။ အခြေအနေ ကောင်းပုံမရဘူး။ မျက်လုံး မပွင့်ပါ။ အခု ဆက်လက်ပြီး အငူမော်လမ်းကနေ စစ်တွေကို ကားနဲ့ ဆက်လက် ယူဆောင်ဖို့ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသည်။

ဖြစ်ပွားပုံမှာ စစ်တွေ အခြေစိုက် ခလရ (၂၇၀) မှ ယနေ့ ချွတ်ပြင်ရွာသို့ ရောက်ရှိလာပြီး ချွတ်ပြင် နယ်ခြားစောင့် စခန်းရှေ့ စာသင်ကျောင်းတွင် စခန်းချနေထိုင်ကြောင်း၊ ည ၁၀ နာရီခန့်တွင် သေနတ်ကျည်ထိုးသံကြားသည်ဟု ဆိုကာ နယ်ခြားစောင့် ကင်းသမားကို ကင်းယူနေသည့် စစ်တပ်သားက ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ သေနတ်ကျည်ဆံမှာ ဆီးအိမ်အောက်မှ ၀င်ရောက်သွားခဲ့ကြောင်း ၎င်း ဒေသခံမှ သူသိသမျှကို ရှင်းလင်း ပြောကြားသည်။

စေတီပြင် နယ်ခြားစောင့် စခန်းသို့ ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသဖြင့် အသေးစိတ် မေးမြန်းနိုင်ခြင်းမရှိပါ။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...