ကျောက်ဖြူတွင် အောင်သစ္စာခရီီးသည်ကား ယာဉ်နောက်လိုက် ကားပေါ်မှ ပြုတ်ကျသေဆုံး

ကျောက်ဖြူတွင် အောင်သစ္စာခရီီးသည်ကား ယာဉ်နောက်လိုက် ကားပေါ်မှ ပြုတ်ကျသေဆုံး
by -
နိရဥ္စရာ
ကျောက်ဖြူမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အောင်သစ္စာ လေအိတ်ခရီးသည်တင် ကားမှ ယာဉ်နောက်လိုက်သည် ကျောက်ဖြူမြို့နယ်တွင် ကားပေါ်မှ ပြုတ်ကျ သေဆုံးသွားကြောင်း သတင်းရရှိသည်။

မေလ ၁၁ ရက် နံနက် ၉ နာရီ ကျော်ခန့်က အောင်သစ္စာ လေအိတ် ခရီးသည်တင်ကားသည် ကျောက်ဖြူ မြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ ကျောက်ကလေ ကျေးရွာ အရောက်တွင် ခရီးသည်အတင်အချပြုလုပ်ပြီး ပြန်တက်စဉ် ယဉ်နောက်လိုက်ဖြစ်သူမှာ ခြေချော်၍ ပြုတ်ကျ သေဆုံးသွားကြောင်းသတင်းရရှိသည်။

‘‘ ကျောက်ကလေကျေးရွာကိုရောက်တဲ့အခါ ခရီးသည်တစ်ဦးကိုတင်တယ်။ ယာဉ်နောက်လိုက် ပြန်အတက်မှာ ခြေချော်ပြီးတော့ပြုတ်ကျတယ်။ ကားပေါ်သို့ ပြန်အတက်မှာ ကားဘီးက လိမ့်နေပြီ။ ဇင်ချောင်းဆေးရုံမှာ သေသွားတယ်။ ဆေးရုံသို့ရောက်တော့ ဆေးတွေသွင်းသေးတယ်။ တစ်ခြား ရောဂါအခံတွေလည်းရှိတယ်။ နှလုံးရောဂါလည်း ရှိတယ်လို့သိရတယ်။ ယဉ်မောင်းမှာ အပြစ်ရှိတယ်လို့ ယူဆတဲ့အတွက် အမှုဖွင့်ထားပါတယ် ’’ဟု ဇင်ချောင်းရဲစခန်းမှူး ရဲအုပ်ခင်မောင်ဝင်း ကပြောသည်။

သေဆုံးသူ ယာဉ်နောက်လိုက်မှာ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်နေထိုင်သူ ဦးဆန်းဝင်း အသက်(၃၀)နှစ် ဖြစ်ကြောင်း၊ ကားမှာ အောင်သစ္စာခရီီးသည်တင်ကား အမှတ် YGN 1N-6286 ဖြစ်ပြီး City Connect ကား အမျိုးအစား ဖြစ်ကြောင်း ရဲက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇင်ချောင်းရဲစခန်းမှ ယဉ်မောင်း ဦးမြင့်လွင် အား အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...