ရခိုင်မုနိပူဇာပွဲ စစ်တွေတွင် ပြုလုပ်

ရခိုင်မုနိပူဇာပွဲ စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ
ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ်က သွန်းလောင်းခဲ့သည့် ရခိုင်ရှေးဟောင်းဘုရားများကို အပူဇော်ခံသည့် ရခိုင်မုနိပူဇာပွဲကို သာဂီမဏ္ဍိုင် ရခိုင်ယဉ်းကျေးမှု မြှင့်တင်ရေးအဖွဲ့က ဦးဆောင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မေလ ၁၀ ရက်နေ့ ကဆုန်လပြည့် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

“ရှေးခေတ် ရခိုင်ဘုရင်မင်းအဆက်အဆက်ဟာ ဘယ်ဘုရင်ပဲဖြစ်ဖြစ် နန်းတက်လာတဲ့အခါ ဒီလို မုနိပူဇာပွဲကို သမိုင်းအစဉ်အလာအရ မုနိပူဇာပွဲကို ရခိုင်ပြည်အနှံ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သမိုင်းဆရာကြီး ဦးအောင်လှသိန်းက သမိုင်းသုတေသနအရ ဖေါ်ထုတ် တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီလိုမျိုး မုနိပူဇာပွဲကို ရခိုင်သာဂီမဏ္ဍိုင်အဖွဲ့က ရခိုင်သမိုင်းကို ရခိုင်ပြည်သူတွေက တွင်တွင်ကျယ်ကျယ် သိစေဖို့အတွက် ကျင်းပရခြင်းဖြစ်ပါတယ်”ဟု သာဂီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာ ဦးကျော်ဇံမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ ကျင်းပပြုလုပ်ခြင်းအားဖြင့် ရခိုင်မျိုးဆက်သစ်လူငယ်များအနေဖြင့် ရခိုင်မုနိပူဇာပွဲများကို ကိုယ်တိုင်လုပ်ကိုင်၍ရသည်၊ ရခိုင်ရှေးဟောင်းသမိုင်းများကိုလည်း ဖေါ်ထုတ်ရာရောက်သည်ဆိုသည်ကို သိရှိကြစေဖို့အတွက်လည်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

မုနိပူဇာပွဲကို ပြုလုပ်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ် အားလုံးကင်းဝေးစေသည်၊ ရခိုင်တစ်ပြည်လုံး အေးချမ်းသာယာစေသည်၊ စပါးဆန်ရေ ပေါများသည် ဆိုသည့်ယုံကြည်ချက်များဖြင့် ရခိုင်မင်း အဆက်ဆက်က မုနိပူဇာပွဲကို ပြုလုပ်ခဲ့ကြကြောင်းကို ရခိုင်သမိုင်းအထောက်အထားများတွင် တွေ့ရှိရသည်ဟု ဆိုသည်။

မေလ ၁၀ ရက်နေ့က ပြုလုပ်သော မုနိပူဇာပွဲကို နေ့လယ် ၃ နာရီမှ စတင်၍ စစ်တွေမြို့တစ်ခုလုံးနီးပါး လှည့်လည် အပူဇော်ခံခဲ့ပြီး ညနေ ၆ နာရီ ခွဲတွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

ယခုနှစ်ပြုလုပ်သည့် မုနိပူဇာပွဲသည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး မုနိ ၄ ဆူနှင့် ပိဋကတ်တစ်ဆူ၊ စုစုပေါင်း ၅ ဆူ ပါ၀င်ကြောင်း သိရသည်။

မုန်ိပူဇာပွဲကို ပြည်သူလူထု အားပေးမှုနှင့် အလှူငွေထည့်ဝင်မှုများရှိ၍ ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊ စဉ်လာမပျက် နှစ်စဉ်နှစ်တိုင်း ပြုလုပ်သွားမည်ဟု သာဂီမဏ္ဍိုင် ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...