ကျောက်ဖြူမြို့နယ်တွင် ရွှံ့မီးတောင်တစ်လုံးပေါက်ကွဲ

ကျောက်ဖြူမြို့နယ်တွင် ရွှံ့မီးတောင်တစ်လုံးပေါက်ကွဲ
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်၊ စိုင်ခြံုကျေးရွာအုပ်စု အနီးတွင် ရွံ့မီးတောင်တစ်လုံး  မေလ ၉ ရက်နေ့ ည ၉ နာရီ အချိန်က ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

၎င်းရွံ့မီးတောင်သည် စိုင်းခြံု အုပ်စု မြောက်ဘက်ရွာ၏ အရှေ့မြောက်ဘက် ၁မို်င်ခွဲခန့်တွင် တည်ရှိကြောင်း၊ ၎င်းမီးတောင်ကို ဒေသခံများက ပန်းယင်နဂါးဟု ခေါ်ကြောင်း စိုင်ခြံုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ကပြောသည်။

“ မီးတောင်ပေါက်ကွဲတဲ့ အတွက် ဘေးပတ်လည် ပေ ၃၅၀ ထိ ချော်ရည်များပျံ့နှံ့သွားခဲ့ပါတယ်။ ပျက်စီးဆုံးရှံုးမှုတော့ ဘာမှမရှိဘူး။ ရွှံ့မီးတောင် ပေါက်ကွဲချိန်က ည ၉ နာရီမှ ၉ နာရီ (၄၅)မိနစ်ခန့်ထိကြာမြင့်ခဲ့ပါတယ်’’ ဟုသူကပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ရွှံ့မီးတောင်အများအပြားရှိပြီး စိုင်ခြံုကျေးရွာ၏ အရှေ့ဘက်တွင် မီးတောင် (၁၀)လုံးရှိသည်။ ၎င်းမီးတောင်များမှာ ပန်းယင်နဂါး၊ နဂါးကြီး၊ အောက်သားနဂါး၊ ၀က်အင်းနဂါး၊ နဂါးစောက်၊ မာန်အောင်သမနဂါး၊ သပြေတောနဂါး၊ ကိုးပေါက်နဂါး၊ ဆိတ်ကျနဂါး၊ ဖက်သန်းပင်နဂါးတို့ဖြစ်ကြသည်။

၎င်းပြင် ရှောက်ချောင်း၊ စည်မော်၊ ကြတ္တိန်၊ ကပ်သပြေ (၄)ရွာကြားတွင် ကြက်သေနဂါး၊ သပုန်နဂါး၊ တလင်းကြီးနဂါး၊ အရက်သည်မနဂါး စသည့်မီးတောင်(၄)တောင်ရှိသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...