ဤမြေ ဤဒေသကို မည်သည့်အခါမှ ရခိုင်တို့စွန့်လွတ်မည်မဟုတ်ကြောင်း ဘူးသီးတောင် ခရီးစဉ်တွင် ဒေါက်တာအေးမောင် ပြောကြား

ဤမြေ ဤဒေသကို မည်သည့်အခါမှ ရခိုင်တို့စွန့်လွတ်မည်မဟုတ်ကြောင်း ဘူးသီးတောင် ခရီးစဉ်တွင် ဒေါက်တာအေးမောင် ပြောကြား
by -
နိရဥ္စရာ
Photo – Khine’s Zaw Post
Photo – Khine’s Zaw Post
ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တောနှင့် ဘူးသီးတောင်ဒေသကို ရခိုင်တို့အနေဖြင့် မည်သည့် အခါမှ စွန့်လွတ်မည် မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောကြားသည်။

အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်နေရာမှ ၀င်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည့် ဒေါက်တာအေးမောင်၏ မေလ ရ ရက်နေ့တွင် ပြုလုပ်သော ပထမဆုံး အကြိမ် ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တော၊ ဘူးသီးတောင် ခရီးစဉ်တွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဤမြေ၊ ဤရေဟာရခိုင်တို့ရဲ့ ဘိုးဘွားပိုင် နယ်မြေ ဖြစ်တယ်။ ဤမြေ ဤဒေသကို လုံးဝ စွန့်လွတ်မှာ မဟုတ်ကြောင်းကို ကျွန်တော်တို့က ဂတိပေးတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ပြန်လည် တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ လက်တွဲပါ၀င်ကြဖို့ ကျွန်တော်တို့ တောင်းဆိုတယ်ဆိုတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်” ဟု ဒေါက်တာ အေးမောင်က နိရဥ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။

မောင်တော၊ ဘူးသီးတောင် ဒေသမှ ရခိုင်အမျိုးသားများ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံ ရာတွင်လည်း အတိတ်၊ အနာဂတ်၊ ပစ္စုပန် ကာလသုံးပါးနှင့် ပတ်သက်ပြီး သုံးသပ်တင်ပြ ရှင်းလင်းခဲ့ကြောင်း ပြောဆိုသည်။

“ အဓိက အခြေအနေ သုံးရပ်အပေါ်မှာ အဓိကထား တင်ပြဆွေးနွေးတယ်။ အတိတ်က အခြေအနေ၊ လက်ရှိ အခြေအနေနဲ့ နောက် မျှော်မှန်းထားတဲ့အနာဂတ် အခြေအနေ သုံးရပ်ကို သုံးသပ် တင်ပြရှင်းလင်းပါတယ်။ အစစအရာရာ တိုးတက်ဖို့ဆိုရင် အဓိတော့ ညီညွတ်ဖို့ လိုကြောင်းနဲ့ ကို တင်ပြဆွေးနွေးခဲ့ပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောကြားသည်။

မောင်တောနှင့် ဘူးသီးတောင်ဒေသရှိ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများအတွက် အဓိကလိုအပ်ချက်မှာ လုံခြံုရေးပင် ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ မောင်တော ဒေသရဲ့ အခြေအနေ့က အဓိက လုံခြံုမှုပါဘဲ ။ ကျွန်တော်တို့နဲ့ တွေ့ဆုံပွဲကို အာကြိုးမာန်တက် လာရောက်ရခြင်း အကြောင်းအရင်းကို ပြန်ကြည့်ရင်လဲ လုံခြံုရေးမဲ့နေတဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားတွေရဲ့ ဘဝတွေကို မြင်တွေ့ရပါတယ်။ လုံခြံုရေးအရ အာကိုးတယ်။ ရခိုင်အမျိုးသား ပါတီက ရခိုင်တစ်မျိုးသားလုံး၏ လုံခြံုမှုကို ယူနိုင်ဖိုလို့ ယုံကြည်တယ်။ ဒီလို ယုံကြည်မှုတွေကြောင့် ကျွန်တော်တို့နဲ့ တွေ့ဆုံပွဲကို လာရောက်ကြခြင်း ဖြစ်ပါတယ်။ အမျိုးသာလုံခြံုရေး ကို တည်ဆောက်တဲ့ နေရာမှာ ပူးပေါင်း ပါ၀င်ဖို့သံဓိဌာန်ချထားတာကို တွေ့ရပါတယ်” ဟု ပြောဆိုသည်။

ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်သည် ဘူးသီးတောင်နဲ့ မောင်တော ခရီးစဉ်အား အမ်းရွေးကောက်ပွဲ အောင်နိုင်ခဲ့သဖြင့် ဒေသခံပြည်သူများက ဂုဏ်ပြုလို၍ ဖိတ်ကြားလို၍ သွားရောက်ခြင်း ဖြစ်ကြောင်း၊ ဘူးသီးတောင်တွင် ကြိုတင် ဖိတ်ကြားထားသဖြင့် ပြည်သူများ ထောင်နှင့် ချီ၍ တက်ရောက်ခဲ့ကြောင်း၊ မောင်တောတွင် ကြိုတင် ပြောထားခြင်း မရှိသော်လည်း အနီးအနား ပတ်ဝန်းကျင်မှ ဒေသခံများ လာရောက်ကြကြောင်း သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...