မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းအား တတိယအကြိမ် ရုံးထုတ်

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းအား တတိယအကြိမ် ရုံးထုတ်
by -
နိရဥ္စရာ
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနှင့် ခိုင်နီမင်းတို့အား မြောက်ဦးမြို့နယ် တရားရုံး၌ မေလ ၈ ရက် ယနေ့ တွင် တတိယ အကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။

“ ဒီနေ့ မနက် ၉ နာရီအချိန်မှာ ရုံးထုတ်ခဲ့ပါတယ်။ ပြည်သူတွေ တရားရုံးထဲ မဝင်ရအောင် သံစူးကြိုး တန်းတွေနဲ့ တားဆီး ထားပါတယ်။ လူတွေကတော့ ကာရံထားတဲ့ အတားအဆီးပြင်က နေ ဆရာတော် လွတ်ပေးပါဆိုပြီး ကြွေးကြော်သံတွေ ကြွေးကြော်ပြီး တောင်းဆိုခဲ့ပါတယ်” ဟု မြောက်ဦး ဒေသခံ ဦးလှကျော်ထွန်းက ပြောသည်။

ရုံးထုတ်စစ်ဆေးနေစဉ် ဆရာတော်၏ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ယူနေကြသည့် ကျောင်းသား/ ကျောင်းသူများက “ခင်ဗျားတို့ မတရားလုယူသွားသော ကျွန်တော်တို့ ဆရာတော်အား ပြန်ပေးပါ ” ဟူသည့် ဗီနိုင်းများကို ကိုင်ဆောင်လျက် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့သည် ယခုနှစ် ဧပြီလ ၁၀ ရက်နေ့ကရက္ခိုင့်တပ်မတော် (၈) နှစ်မြောက်နေ့တွင် အေအေဖလား ဘောလုံးပွဲ ကျင်းပရာမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...