မဒေးကျွန်းရှိ မဟာ တရုတ်ရေနံစီမံကိန်း နတ်ဘုံနတ်နန်းတမျှ ခန်းနား သော်လည်း ရခိုင်ကျေးရွာများ အခြေအနေ ငရဲတွင်းထဲ ကျရောက်နေ ဟုဆို

မဒေးကျွန်းရှိ မဟာ တရုတ်ရေနံစီမံကိန်း နတ်ဘုံနတ်နန်းတမျှ ခန်းနား သော်လည်း ရခိုင်ကျေးရွာများ အခြေအနေ ငရဲတွင်းထဲ ကျရောက်နေ ဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်တို့၏ မဟာစီမံကိန်းမှာ နတ်ဘုံနတ်နန်း တမျှ ခန်းနားကြီးကျယ် သလောက် ကျွန်းပေါ်ရှိ ရခိုင်ကျေးရွာများမှာ ငရဲတွင်းထဲကျရောက်နေသည့် အခြေအနေမျိုးကို မြင်တွေ့ခဲ့ရသည်ဟု မဒေးကျွန်းသို့ သွားရောက် ကြည့်ရှုခဲ့သူ မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ မဒေးကျွန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီမှာတွေ့ရတာက တရုတ်ရေနံတင် ဆိပ်ကမ်းကို မြင်တွေ့ခဲ့ရပါတယ်။ ခမ်းနားကြီးကျယ်လွန်းတဲ့ တရုတ် စီမံကိန်းကတော့ နတ်ဘုံနတ်နန်းတမျှ အဖြစ် မြင်တွေ့ခဲ့ရပြီး ကျွန်းပေါ်မှာရှိတဲ့ ရခိုင်ကျေးရွာတွေကတော့ ဗမာပြည်ထဲမှာ အဆင်းရဲဆုံး ကျေးရွာတွေ အဖြစ်နဲ့ ငရဲတွင်းထဲကို ကျရောက်နေသလိုမျိုး မြင်တွေ့ခဲ့ရပါတယ်” ဟု ဦးဦးလှစောက ပြောသည်။

ဦးဦးလှစောနှင့် ရန်ကုန်မြို့မှ စာရေးဆရာ မောင်မောင်စိုးတို့သည် မေလ ၄ ရက်နေ့က မဒေးကျွန်းသို့ သွားရောက်ခဲ့ပြီး မေလ ၅ ရက်နေ့တွင် ကျောက်ဖြူမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

“ ကျွန်တော်ကတော့ မဒေးကျွန်းမှာ ဘာထူးခြားပြောင်းလဲမှု ရှိသလဲဆိုတာကို သွားလေ့လာတာပါ။ ဆရာ ဦးမောင်မောင်စိုးကတော့ သူရေးသားမယ့် ရခိုင်ပြည် လူမှုစီးပွားနဲ့ နိုင်ငံရေး စစ်တမ်းအတွက် လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းဖို့ လိုတာကြောင့် မဖြစ်မနေ သွားရမယ်ဆိုတဲ့အတွက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ မြင်ရတာက အားလုံးရင်နာစရာပါ” ဟု ဦးလှစောက ပြောသည်။

မဒေးကျွန်းပေါ်ရှိ ကျောက်တန်း ကျေးရွာမှာ အလွန်ဆင်းရဲပြီး ဆင်းရဲပုံကို ခိုင်းနိုင်းပြစရာ မရှိကြောင်း၊ ရွာသို့ သွားသည့် လမ်းမှာ အလွန်ဆိုးရွားကြောင်း၊ တရုတ်ဆိပ်ကမ်းအနီးရှိ ရခိုင် ကျေးရွာမှာလည်း ရွာဟုသာ မည်ကာမတ္တရှိပြီး အလွန်ဆင်းရဲကြောင်း၊ ဒေသခံများ အလုပ်ရသည်ဟုဆိုသော်လည်း အောက်ခြေသိမ်း အလုပ် ရသူမှာ ရွာသား ၃၀ ခန့်ရှိကြောင်း၊ တရုတ်စီမံကိန်းများ၏ ခန်းနားကြီးကျယ်သလောက် ဒေသခံ ပြည်သူများ၏ လူနေမှု အဆင့်အတန်းမှာ အလွန်နိမ့်ကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဦးဦးလှစောက ပြောကြားသွားပါသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...