ဘူးသီးတောင် တင်းမေတွင် ဗုံးကွဲ၍ ၂ ဦးသေ၊ သုံးဦးဒဏ်ရာရ

ဘူးသီးတောင် တင်းမေတွင် ဗုံးကွဲ၍ ၂ ဦးသေ၊ သုံးဦးဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စု တင်းမေရွာတွင် ယမန်နေ့ မေလ ၅ ရက်က ဗုံးကွဲ၍ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

“ ဖြစ်တာက ဟုတ်ပါတယ်။ တင်းမေ မူဆလင်ရွာပါ။ နှစ်ဦးသေတယ်။ သုံးဦး ဒဏ်ရာ ရတယ်လို့ သိရပါတယ်။ မိုင်းဗုံးလား၊ သာမန်ဗုံးလားဆိုတာတော့ ကျွန်တော်တို့ စခန်းနဲ့ နည်းနည်း ဝေးတဲ့ အတွက် မသိရသေးဘူး” ဟု အနီးအနားရှိ နယ်ခြားစောင့်တပ်မှ အမည် မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

အသေးစိတ်ကို ဆက်လက်မေးမြန်းရာ ၎င်းအရာရှိက “ မေလ ၅ ရက်နေ့မှာဖြစ်တယ်။ ဟို ချောင်းဖျားပိုင်း အဝေးကြီးမှာ ဖြစ်တာပါ။ လူနာမည်နဲ့ ဖြစ်စဉ်တွေကို အသေးစိတ်ကို အထက်က ခွင့်ပြုချက် မရှိဘဲ ပြောခွင့်မရှိဘူး။ ဌာနချုပ်ကို ဘဲ မေးပါ။ ဌာနချုပ်ကို သတင်းတက်သွားပါပြီ။ ဖြစ်စဉ်က မှန်ပါတယ်” ဟု ပြောကြားကာ ဖုန်းချသွားခဲ့သည်။

ယခု အခင်း ဖြစ်ပွားရာ နေရာမှာ မေယူမြစ် အဖျားပိုင်း တောင်ဘဇား နယ်ခြားစောင့် နယ်မြေ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး နိရဥ္စရာမှ တောင်ဘဇား နယ်ခြားစောင့်ရဲ စခန်းသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားကြောင်း ဖုန်းမှ ပြောဆိုပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးှနှင့် ဘူးသီးတောင် ရဲမြို့နယ်မှူးထံသို့ဆက်သွယ်ရာတွင်လည်း ဖုန်းများကို အလားတူ ပိတ်ထားကြောင်း ဖုန်းထဲမှ ပြန်လည် ပြောကြားသည်။

ဘူးသီးတောင်မြို့မ စခန်းသို့ ဆက်သွယ်ရာ စခန်းမှူးမှ မိမိတို့လည်း ဗုံးကွဲသည်ဟု သတင်းရကြောင်း၊ မိမိတို့ ရဲလက်အောက်တွင် ရှိသော နယ်မြေ မဟုတ်ဘဲ နယ်ခြားစောင့်ရဲနှင့် သက်ဆိုင်၍ အသေးစိတ် မသိရှိကြောင်း ပြောကြားသည်။

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...