အကြိမ် (၁၀၀) မြောက် သွေးလှူရှင်အပါအဝင် သွေးလှူရှင် (၄၅) ဦးကို ပုဏ္ဏားကျွန်းမြို့တွင် ပထမအကြိမ်ဂုဏ်ပြု

အကြိမ် (၁၀၀) မြောက် သွေးလှူရှင်အပါအဝင် သွေးလှူရှင် (၄၅) ဦးကို ပုဏ္ဏားကျွန်းမြို့တွင် ပထမအကြိမ်ဂုဏ်ပြု
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပရဟိတသွေးအလှူရှင်များ အသင်းမှ ဦးစီးပြီး ပထမအကြိမ် ဇီဝိတ ဒါန သွေးအလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကို အေးစေတီဓမ္မာရုံကြီးတွင် မေလ မနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

၎င်းဂုဏ်ပြုပွဲတွင် အကြိမ် (၁၀၀) မြောက်သွေးလှူရှင် ဦးမောင်အေးနုနှင့် သွေးလှူရှင် (၄၅) ကို ဂုဏ်ပြုခဲ့ကြသည်။

“သွေးလှူတယ်ဆိုတာက လူ့အသက်ကိုကယ်တာပါ။ အခုလိုမျိုး ဂုဏ်ပြုခံရတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်။ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမိပါတယ်” ဟု အကြိမ် (၁၀၀) မြောက်သွေးလှူရှင် ဦးမောင်အေးနုက ပြောသည်။

ဂုဏ်ပြုပွဲ ကျင်းပရခြင်းမှာ သွေးလှူလိုသည့် သွေးအလှူရှင်များ ပိုမိုပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်ပရဟိတသွေးအလှူရှင်များအသင်းဥက္ကဌ ဦးဇော်ဇော်အောင် ပြောသည်။

“ ပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူရန်ရောက်ရှိလာကြတဲ့ လူနာတွေရဲ့ အခက်အခဲတွေကို ကူညီနိုင်ရေးနဲ့ နောက်တစ်ခုက သွေးလှူပြီး လူအများရဲ့ အသက်ကို ကယ်တင်လိုတဲ့ စေတနာရှင်တွေ ပေါ်ပေါက် လာရေးတို့ကို ရည်ရွယ်ပြီး ဒီဂုဏ်ပြုပွဲကို ပြုလုပ်ရတာပါ” ဟု ဦးဇော်ဇော်အောင် က ပြောသည်။

အခမ်းအနားတွင် ဂုဏ်ပြုခံသွေးအလှူရှင် ၄၅ ဦးအပါအဝင် လူဦးရေ ၁ဝဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...