၎င်းဂုဏ်ပြုပွဲတွင် အကြိမ် (၁၀၀) မြောက်သွေးလှူရှင် ဦးမောင်အေးနုနှင့် သွေးလှူရှင် (၄၅) ကို ဂုဏ်ပြုခဲ့ကြသည်။
“သွေးလှူတယ်ဆိုတာက လူ့အသက်ကိုကယ်တာပါ။ အခုလိုမျိုး ဂုဏ်ပြုခံရတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်။ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမိပါတယ်” ဟု အကြိမ် (၁၀၀) မြောက်သွေးလှူရှင် ဦးမောင်အေးနုက ပြောသည်။
ဂုဏ်ပြုပွဲ ကျင်းပရခြင်းမှာ သွေးလှူလိုသည့် သွေးအလှူရှင်များ ပိုမိုပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်ပရဟိတသွေးအလှူရှင်များအသင်းဥက္ကဌ ဦးဇော်ဇော်အောင် ပြောသည်။
“ ပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူရန်ရောက်ရှိလာကြတဲ့ လူနာတွေရဲ့ အခက်အခဲတွေကို ကူညီနိုင်ရေးနဲ့ နောက်တစ်ခုက သွေးလှူပြီး လူအများရဲ့ အသက်ကို ကယ်တင်လိုတဲ့ စေတနာရှင်တွေ ပေါ်ပေါက် လာရေးတို့ကို ရည်ရွယ်ပြီး ဒီဂုဏ်ပြုပွဲကို ပြုလုပ်ရတာပါ” ဟု ဦးဇော်ဇော်အောင် က ပြောသည်။
အခမ်းအနားတွင် ဂုဏ်ပြုခံသွေးအလှူရှင် ၄၅ ဦးအပါအဝင် လူဦးရေ ၁ဝဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။







