ကျောက်ဖြူတွင် အမျိုးသမီးငယ်တစ်ဦးကို ရေနစ်သေဆုံးလျက်တွေ့ရှိ

ကျောက်ဖြူတွင် အမျိုးသမီးငယ်တစ်ဦးကို ရေနစ်သေဆုံးလျက်တွေ့ရှိ
by -
နိရဥ္စရာ
ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာ၊ သန္တာမြေဘိုးဘွားရိပ်သာနောက်ကြောဘက် လယ်ကွင်းထဲရှိ ရေကန်ငယ် တစ်ခုအတွင်း မေလ ၃ ရက် ညနေ (၅)နာရီခန့်က အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးနေသူမှာ ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာနေထိုင် မဆန်းဌေးဝင်း အသက် (၁၆)နှစ် (ဘ) ဦးဆန်းဝေ (မိ)ဒေါ်အောင်မာနွယ် ဖြစ်ကြောင်းသိရသည်။

သန္တာမြေဘိုးဘွားရိပ်သာနောက်ကြော၊ အောင်မြေသာဇံကျောင်းတိုက်နောက် ဒေါ်ကျော်နုဦး၏ လယ်ကွက်အစပ်ရှိ ရေတွင်းပတ်လည်အကျယ် (၃၀)ပေခန့်၊ အနက်(၄)ပေခွဲခန့် ရေအနက်(၂)ပေခွဲခန့် ရေတွင်းထဲတွင် မှောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကိုတွေ့ရကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

” ပြင်ပဒဏ်ရာတော့ ဘာမှာမရှိဘူး။ ဆရာဝန် စစ်ဆေးနေတုန်းပဲရှိပါသေးတယ်။ အင်္ဂါစပ်မှာတော့ အနည်း ငယ်ပွန်းနေတာတွေ့ရတယ်။ ဓမ္မတာအတိုင်းသေဆုံးတာဟုတ်/မဟုတ် ဆရာဝန်ဆေးစာထွက်လာမှ သိရပါမယ်”ဟု ကျောက်ဖြူမြို့မ ရဲစခန်းမှူး ရဲအုပ်အောင်ဇော်မင်း ကပြောသည်။

လယ်ကွက်ပိုင်ရှင် ဒေါ်ကျော်နုဦးမှ မြက်ရိုက်ရန်သွားရောက်စဉ် အလောင်းအားတွေ့ရှိသဖြင့် ကုလားဘာတောင်ကျေးရွာ ရာအိမ်မှူးထံ အကြောင်းကြားခဲ့သည်။ ရာအိမ်မှူးမှတစ်ဆင့် ရဲစခန်းသို့ဆက်လက်ကြားခဲ့သည်။

သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးမှုပြုနိုင်ရန် ဒုရဲအုပ်လှမိုးမှ တရားလိုပြုလုပ် သေမှုသေခင်းတိုင်တန်းသဖြင့် အဆိုပါတိုင်တန်းမှုအပေါ် ကျောက်ဖြူမြို့စခန်း သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၇)ဖြင့် ရေးဖွင့်ထားပြီး အမှုအား မြို့မစခန်းမှူး ရဲအုပ်အောင်ဇော်မင်း မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...