ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်အရ စစ်တွေမြို့နယ်တွင် ဆေးစိမ်ခြင်ထောင် အလုံးရေ ၁ သိန်းကျော် အခမဲ့ ဖြန့်ဖြူး

ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်အရ စစ်တွေမြို့နယ်တွင် ဆေးစိမ်ခြင်ထောင် အလုံးရေ ၁ သိန်းကျော် အခမဲ့ ဖြန့်ဖြူး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်အရဟုဆိုကာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စစ်တွေမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများသို့ ဆေးစိမ်ခြင်ထောင် အလုံးရေ ၁ သိန်းကျော်ကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိနေသည်ဟု သိရသည်။

“တခြားမြို့နယ်တွေမှာလည်း ပေးပါတယ်။ တခြားမြို့နယ်တွေမှာတော့ ပေးထားပြီးပါပြီ။ ကျွန်မတို့စစ်တွေမြို့နယ်က နောက်ဆုံးကျန်နေတာပါ။ ခြင်ထောင်တွေမရောက်နိုင်သေးလို့ အခုမှ ဖြန့်ရတာပါ”ဟု စစ်တွေမြို့နယ် ဆရာဝန် ဒေါက်တာကြည်ကြည်သာက နိိရဥ္စရာသို့ပြောသည်။

အဆိုပါဆေးဆိမ်ခြင်ထောင်များကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆေးစိမ်ခြင်ထောင် (၂)လုံးကျစီကို အခမဲ့ပေးနေခြင်းလည်း ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် အခုလိုအခမဲ့ပေးပေးလို့ ဝမ်းသာပါတယ်”ဟု စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

အခမဲ့ထောက်ပံ့ပေးနေသည့် အဆိုပါဆေးစိမ်ခြင်ထောင်များကို တချို့နေရာများတွင် အခကြေးငွေ တောင်းခံမှုများလည်း ရှိနေမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရကို တိုက်ရိုက် စာရေး တိုင်ကြားနိုင်သည် ဟုလည်း တာဝန်ရှိသူများက ပြောဆိုထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...