ပေါက်တောမြို့နယ် ဖဒူချေကျေးရွာ ရေကန်များတွင် ရေခမ်းခြောက်၍ သောက်ရေ/ သုံးရေ ရှာပါးမှုနှင့်ကြံုတွေ့နေရ

ပေါက်တောမြို့နယ် ဖဒူချေကျေးရွာ ရေကန်များတွင် ရေခမ်းခြောက်၍ သောက်ရေ/ သုံးရေ ရှာပါးမှုနှင့်ကြံုတွေ့နေရ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖဒူချေကျေးရွာရှိ ရေကန်များ ခမ်းခြောက်သွားသဖြင့် သောက်ရေ/ သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်နေကြသည်ဟု ကျေးရွာသူများက နိရဥ္စရာသို့ ပြောကြားသည်။

njr0101“ရေကန် ၃ ကန်မှာ အကုန်လုံးခမ်းခြောက်ကုန်ပါပြီ။ ရွာတောင်ပိုင်းက ကန်လည်း ခမ်းခြောက်သွားပါပြီ။ ဒါပေမယ့် အဲဒီတောင်ပိုင်းက ကန် တစ်ခုမှာပဲ တွင်းလေးတွေ တူးဖော်ပြီး ရေခပ်ယူရပါတယ်။ စောင့်ပြီး ခပ်ရပါတယ်။ ညဥ့်ကတည်းက စောင့်ခပ်ရပါတယ်” ဟု ဖဒူချေ ကျေးရွာသူ မသန်းမျှက ပြောသည်။

ဖဒူချေကျေးရွာတွင် တစ်ခုတည်းတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး တစ်ခြား ဘုန်းကြီးကျောင်းဘက်နှင့် ဆိုလျှင် ရွာတစ်ခုလုံးဆိုလျှင် အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း၊ ယခုနှစ်တွင် ရေရှားပါးနေသော်လည်း လွန်ခဲ့သော နှစ်ကလောက် မဆိုးသေးကြောင်း၊ လွန်ခဲ့သောနှစ်က ရေလုံးဝ မရှိသည့် အခြေအနေသို့ ရောက်ခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း မေလ ကုန်လောက်ဆိုလျှင် ရေအကြီးအကျယ် ရှားနိုင်ကြောင်း၊ သို့အတွက် တစ်ရွာလုံးက စိုးရိမ်နေကြောင်း သူမက ပြောကြားသည်။

ကျေးရွာမှ နောက်ထပ် အမျိုးသမီး ဖြစ်သူ ဒေါ်ကြည်ကြည်ကလဲ ချိုးရေလည်း အလုံအလောက် မရကြောင်း၊ သို့အတွက် ခမ်းခြောက်သွားသော ကန်များမှ ရွံ့ရေများကို ခပ်ယူ ချိုးနေရကြောင်း၊ ရွာသားများမှာ ရေရှားပါး၍ အခက်အခဲဖြစ်နေကြရကြောင်း ပြောကြားသည်။

“ ကျွန်မတို့ရွာမှာ ဟိုနှစ်ကလည်း ရေအကြီးအကျယ် ရှားခဲ့တဲ့ အတွက် အကြီးအကျယ် ဒုက္ခ ရောက်ခဲ့ကြရတယ်။ ကျွန်မတို့ လိုချင်တာက ရေကန်တွေ နောက်ထပ် ၂ ကန်လောက် တူးပေးဖို့ လိုချင်ပါတယ်။ မဟုတ်ရင် နှစ်တိုင်း ရေရှားပါးတဲ့ ဒဏ်ကို ခံနေကြရမှာပါ” ဟု ပြောဆိုသည်။

ဖဒူချေ ပိုက်ဆိပ်ရှိ ရေကန်မှာလည်း ခမ်းခြောက်သွားပြီ ဖြစ်ပြီး ကျေးရွာသားများက ကိုယ့်အိတ်စိုက်ငွေဖြင့် ရေကန်ကို တူးဖော်နေရသည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...