“ ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကို ဖွင့်တဲ့အတွက် မီးဟပ်ပြီး အနီးရှိ ၀ါးထရံကတဆင့်ကူးစက်ပြီး လောင်ကျွမ်း သွားတယ်လို့ သိရပါတယ်။ နေအိမ်သုံးလုံး လောင်ကျွမ်းသွားပါတယ်။ လူတစ်ဦး မီးလောင် ဒဏ်ရာ ရှိသွားပါတယ်” ဟု မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
မီးလောင်သည့်အကြောင်းမှာ ဦးဘစိန်(၃၇) နှစ်မှ ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကိုဖွင့်ဖောက်ရာမှ မီးဟပ်ပြီး အနီးရှိ ၀ါးထရံကို မီးကူးစက်သောကြောင့် မီးလောင်းကျွမ်းခြင်းဖြစ်ကြောင်း သူက ဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် အလျား ၁၂ ပေ အနံ ၁၀ ပေ၊ ဓနိမိုး၊ ၀ါးထရံကာ ပျဉ်ခင်းလူနေအိမ် ၁ လုံးနှင့် အလျား ၁၂ ပေ အနံ ၁၀ ပေ၊ ဓနိမိုး၊ ၀ါးထရံကာ၊ ၀ါးခင်း လူနေအိမ် ၂ လုံး စုစုပေါင်း လူနေအိမ် ၃လုံး မီးလောင်ကျွမ်း သွားကြောင်းသိရသည်။

ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကိုဖွင့်ဖောက်သူ ဦးဘစိန် ရဲ့နောက်ကြောတွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်ဖြူမြို့ဆေးရုံတွင် ဆေးကုသနေရကြောင်း သိရသည်။
၎င်းမီးလောင်မှုကြောင့် ကျေးရွာသူကျေးရွာသားများ ၀ိုင်းဝန်းပြီး မီးငြိမ်းသတ်ကြရာ နေ့လယ် ၂ နာရီခန့်တွင် မီီးညွန့်ကျိုးသွားကြောင်း မျက်မြင် ရွာသားများ ကပြောသည်။
မီးလောင်မှုကြောင့် ကျား ၉ ဦး မ ၅ ဦးတို့ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။







