အာဏာသိမ်းစစ်တပ် ရခိုင်ရိုးမဘက် စစ်ကြောင်းထိုးရန်ပြင်ဆင်နေဟုဆို

အာဏာသိမ်းစစ်တပ် ရခိုင်ရိုးမဘက် စစ်ကြောင်းထိုးရန်ပြင်ဆင်နေဟုဆို

ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ ကံကြီးကျေးရွာမှတဆင့် အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ဝန်းကျင်သည် ရခိုင်ရိုးမဘက် သို့ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဆောမြိုနယ် ဒေသခံစစ်ရေးသတင်းအရင်းအမြစ်တစ်ခုက နိရဉ္စရာသို့ပြောသည်။

မေလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပေါက်မြို့နယ်အခြေစိုက် ကပစ (၂၄) မှအင်အား ၅၀၀ ခန့်ပါဝင်သော စစ်အုပ်စုစစ်ကြောင်းသည် ပုံတောင်ခြေရှိကျောက်တံခါးကျေးရွာသို့ ရောက်ရှိနေပြီး အဆိုပါစစ်ကြောင်းသည် ဆောမြို့နယ်၊ ကျောက်ထုဒေသဘက်သို့ ဦးတည် ချီတက်နေသည်ဟု သိရသည်။

“ ဒီစစ်ကြောင်း တက်လာတာ အနီးအနားရွာတွေက သိတယ်။အဆက်အသွယ်ရှိတဲ့လူတွေလဲသိတယ်။ ဆော- မင်းတပ်- မတူပီ- ပလက်ဝ၊ ကျောက်တော် ကုန်သွယ်ရေးလမ်းပိုင်းပေါ်က ဆောမြိုနယ်အပိုင် ကံကြီးရွာနဲ့ ၊ ပြင်လယ်ကျေးရွာတွေကအထိုင်စခန်း တွေကအင်းအားတွေနဲ့ ပေါင်းပြီး ရခိုင်ရိုးမအထိ တက်မယ်လို့သိရတယ်။ အင်အား ၃၀၀ ပြင်ထားတယ်လို့ ပြောတယ်” ဟု ဆောမြိုနယ် ဒေသခံစစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

အာဏာသိမ်းစစ်တပ်သည် လက်ရှိ ကံကြီးကျေးရွာကို အထိုင်ပြုလုပ်ပြီး ဆောမြို့နယ်ကတဆင့် ရခိုင်ရိုးမ နှင့် ချင်းပြည်နယ် ဘက်သို့စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီး လောင်းရှည် ကပစ (၂၅) မှ ထွက်ခွာလာသောစစ်တပ် စစ်ကြောင်းမှခွဲထွက်လာသောအင်အား (၃၅၀) ဝန်းကျင်ခန့်သည် ဆောမြို့ဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာနေပြီး ကံကြီးရွာအထိပူးပေါင်းမည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

မူလ လောင်ရှည်မှ တဆင့် ဆောမြို့အထိ ထိုးလာသော အင်အား (၅၀၀)ဝန်းကျင်စစ်ကြောင်းတွင် မော်တော်ယာဉ် (၁၇) စီးပါဝင်ပြီး ရခိုင်-မကွေးကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရောက်ရှိလာကြောင်းလည်းသိရသည်။

လက်ရှိစစ်အုပ်စုအထိုင်ချတပ်စွဲထားသည့်ကံကြီးကျေးရွာသည် ရခိုင်ပြည်-မကွေးတိုင်းနှင့် ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်တွင်တည်ရှိပြီးအဆိုပါ လမ်းကြောင်းပေါ်သို့အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးလာကာ ရခိုင်ရိုးမအထိ ချီတက်မည်ဟုသတင်းများထွက်ပေါ်နေသည်ဟု ဆိုသည်။

လက်ရှိတွင် ရခိုင်နှင့်တဆက်ထဲရှိသည့် ဆော - လောင်းရှည် လမ်းပိုင်းနှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများအနေဖြင့် လွင်ကင်းရာနှင့်လုံခြုံရာနေရာများတွင်သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အဆိုပါလမ်းပိုင်းပေါ်သို့ ဖြတ်သန်းသွားလာခြင်း မပြုကြရန်နှင့်စစ်ရေးအခြေအနေများကို အထူးဂရုပြု စောင့်ကြည့်ကြရန် တော်လှန်ရေးအဖွဲ့များမှအရေးပေါ် သတိပေးနှိုးဆော်ထားသည်။

Most read this week

နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...