ကျောက်ဖြူနယ်တွင် မီးလောင် လူတစ်ဦးဒဏ်ရာရ၊ နေအိမ်သုံးလုံးမီးထဲပါ

ကျောက်ဖြူနယ်တွင် မီးလောင် လူတစ်ဦးဒဏ်ရာရ၊ နေအိမ်သုံးလုံးမီးထဲပါ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအုပ်စု၊ စည်မော်ကျေးရွာတွင် မတ်လ ၁၁ ရက်နေ့ နေ့လယ် တစ်နာရီခန့်က မီးလောင်မှု ဖြစ်ပွားရာ လူတစ်ဦး ဒဏ်ရာရပြီး နေအိမ်သုံးလုံး မီးလာင်ကျွမ်းသွားသည် သတင်းရရှိသည်။

“ ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကို ဖွင့်တဲ့အတွက် မီးဟပ်ပြီး အနီးရှိ ၀ါးထရံကတဆင့်ကူးစက်ပြီး လောင်ကျွမ်း သွားတယ်လို့ သိရပါတယ်။ နေအိမ်သုံးလုံး လောင်ကျွမ်းသွားပါတယ်။ လူတစ်ဦး မီးလောင် ဒဏ်ရာ ရှိသွားပါတယ်” ဟု မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မီးလောင်သည့်အကြောင်းမှာ ဦးဘစိန်(၃၇) နှစ်မှ ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကိုဖွင့်ဖောက်ရာမှ မီးဟပ်ပြီး အနီးရှိ ၀ါးထရံကို မီးကူးစက်သောကြောင့် မီးလောင်းကျွမ်းခြင်းဖြစ်ကြောင်း သူက ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် အလျား ၁၂ ပေ အနံ ၁၀ ပေ၊  ဓနိမိုး၊ ၀ါးထရံကာ ပျဉ်ခင်းလူနေအိမ် ၁ လုံးနှင့် အလျား ၁၂ ပေ အနံ ၁၀ ပေ၊ ဓနိမိုး၊ ၀ါးထရံကာ၊ ၀ါးခင်း လူနေအိမ် ၂ လုံး စုစုပေါင်း လူနေအိမ် ၃လုံး မီးလောင်ကျွမ်း သွားကြောင်းသိရသည်။

C360 2016 03 12 10 26 45 728

ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကိုဖွင့်ဖောက်သူ ဦးဘစိန် ရဲ့နောက်ကြောတွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်ဖြူမြို့ဆေးရုံတွင် ဆေးကုသနေရကြောင်း သိရသည်။

၎င်းမီးလောင်မှုကြောင့် ကျေးရွာသူကျေးရွာသားများ ၀ိုင်းဝန်းပြီး မီးငြိမ်းသတ်ကြရာ နေ့လယ် ၂ နာရီခန့်တွင် မီီးညွန့်ကျိုးသွားကြောင်း မျက်မြင် ရွာသားများ ကပြောသည်။

မီးလောင်မှုကြောင့် ကျား ၉ ဦး မ ၅ ဦးတို့ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...