ရခိုင်ပြည်နယ် တက္ကသိုလ််ဝင်တန်း စာမေးပွဲ ဖြေဆို/ ပျက်ကွက်စာရင်း

ရခိုင်ပြည်နယ် တက္ကသိုလ််ဝင်တန်း စာမေးပွဲ ဖြေဆို/ ပျက်ကွက်စာရင်း
by -
နိရဥ္စရာ
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၉ ရက်နေ့က စတင်ကျင်းပရာ ရခိုင်ပြည်နယ်တွင် ပထမနေ့ မြန်မာစာ ဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား/သူ စုစုပေါင်း ဦးရေမှာ ၂၃၈၉ ဦး ရှိခဲ့သည်ဟု ရခိုင်ပြည်လက်ထောက် ပညာရေးမှူး ဦးမောင်ပါက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုရန် စာရင်းသွင်းထားသူ ၃၇၂၁၁ ဦးရှိပြီး ယမန်နေ့ မြန်မာစာ ဘာသာ ရပ်ကို ဖြေဆိုခဲ့သူ စုစုပေါင်းမှာ ၃၄၈၂၂ ရှိကြောင်း ဦးမောင်ပါက ပြောဆိုသည်။

ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုခဲ့သူ ၃၄၈၂၂ ဦးထဲတွင် ကျားဦးရေမှာ ၁၆၇၇၈ ဦးဖြစ်ပြီး မ ဦးရေမှာ ၁၈၀၄၄ ဦး ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၀ ရက်နေ့ ယနေ့ ပြုလုပ်သော အင်္ဂလိပ်စာ ဘာသာရပ် တွင် ဖြေဆိုသူ ကျားဦးရေမှာ ၁၆၆၆၄ ဦးဖြစ်ပြီး မ ဦးရေမှာ ၁၈၀၁၇ ဦး ဖြစ်ကြောင်း သိရသည်။ နှစ်ရက်ပေါင်းပျက်ကွက်သူမှာ ၂၅၃၀ ( မတ်လ ၉ ရက်- ၂၃၈၉ ဦး/ မတ်လ ၁၀ ရက် ထပ်ပျက်ကွက်သူ ၁၄၁ ဦး= ၂၅၃၀) ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...