ရခိုင်ပြည်နယ် တက္ကသိုလ််ဝင်တန်း စာမေးပွဲ ဖြေဆို/ ပျက်ကွက်စာရင်း

ရခိုင်ပြည်နယ် တက္ကသိုလ််ဝင်တန်း စာမေးပွဲ ဖြေဆို/ ပျက်ကွက်စာရင်း
by -
နိရဥ္စရာ
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၉ ရက်နေ့က စတင်ကျင်းပရာ ရခိုင်ပြည်နယ်တွင် ပထမနေ့ မြန်မာစာ ဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား/သူ စုစုပေါင်း ဦးရေမှာ ၂၃၈၉ ဦး ရှိခဲ့သည်ဟု ရခိုင်ပြည်လက်ထောက် ပညာရေးမှူး ဦးမောင်ပါက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုရန် စာရင်းသွင်းထားသူ ၃၇၂၁၁ ဦးရှိပြီး ယမန်နေ့ မြန်မာစာ ဘာသာ ရပ်ကို ဖြေဆိုခဲ့သူ စုစုပေါင်းမှာ ၃၄၈၂၂ ရှိကြောင်း ဦးမောင်ပါက ပြောဆိုသည်။

ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုခဲ့သူ ၃၄၈၂၂ ဦးထဲတွင် ကျားဦးရေမှာ ၁၆၇၇၈ ဦးဖြစ်ပြီး မ ဦးရေမှာ ၁၈၀၄၄ ဦး ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၀ ရက်နေ့ ယနေ့ ပြုလုပ်သော အင်္ဂလိပ်စာ ဘာသာရပ် တွင် ဖြေဆိုသူ ကျားဦးရေမှာ ၁၆၆၆၄ ဦးဖြစ်ပြီး မ ဦးရေမှာ ၁၈၀၁၇ ဦး ဖြစ်ကြောင်း သိရသည်။ နှစ်ရက်ပေါင်းပျက်ကွက်သူမှာ ၂၅၃၀ ( မတ်လ ၉ ရက်- ၂၃၈၉ ဦး/ မတ်လ ၁၀ ရက် ထပ်ပျက်ကွက်သူ ၁၄၁ ဦး= ၂၅၃၀) ရှိကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...