ပဲခူးမြစ်ရေ မြင့်တက်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ ရေကြီးရေလျှံမှုဖြစ်

ပဲခူးမြစ်ရေ မြင့်တက်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ ရေကြီးရေလျှံမှုဖြစ်

ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ် ကွက်များနှင့် ကျေးရွာများအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းသဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပဲခူးမြို့ အနိမ့်ပိုင်းနေရာများသို့ ရေစတင်ဝင် ရောက်လာခြင်း ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် မြို့ပေါ်ရှိ ရပ်ကွက်များ၊ လမ်းမကြီးအချို့နှင့် အနိမ့်ပိုင်း နေရာ အများအပြား၌ ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“လတ်တလော ပဲခူးမြို့ပေါ်ရပ်ကွက်များဖြစ်ကြတဲ့ ကလျာဏီရပ်ကွက် နယ်မြေ (၄)၊ (၆)၊ (၁၆)၊ မြို့သစ်ရပ် ကွက်၊ မဇင်းနဲ့ သရက်တောအောက်ချိုင့်ပိုင်းများ၊ ဇိုင်းတောင်၊ မဟာမြိုင်၊ အောင်ဆေးရုံဘက်ခြမ်းရှိ ရပ်ကွက် အတွင်းပိုင်းမှာလည်း ရေဝင်ရောက်လျှက်ရှိနေပါတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

ထို့ပြင် မြို့ပေါ်ရှိ လမ်းများဖြစ်သော မင်္ဂလာလမ်းမ၊ ကလျာဏီလမ်းသွယ် အများအပြား၊ ကွက်သစ်လမ်းများ၊ နတ်စဉ်ပိုင်းလမ်းနှင့် ပတ္တမြားလမ်းပိုင်းများတွင်လည်း ရေများ ဝင်ရောက်လျက်ရှိကာ အနိမ့်ပိုင်း ရပ်ကွက်အချို့ တွင် လမ်းပေါ်၌ ရေခါးလယ်ခန့်အထိ ရောက်ရှိနေသည့် နေရာများရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပဲခူးမြစ်ရေ မြင့်တက်လာပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းကြောင့် စက်တင်ဘာလ ၂ ရက်နေ့မှစ၍ စာသင် ကျောင်း ၁၄ ကျောင်းကို ယာယီပိတ်ထားရကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေ ၅ လက်မခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်၌ ဆက်လက် ရှိနေနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် မိုးဆက်လက်ရွာသွန်းနေသည့်အပြင် ပဲခူးမြစ်ရေ မြင့်တက်နေဆဲဖြစ်သဖြင့် ရေဆက်လက် မြင့် တက်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

အဆိုပါ အခြေအနေများကြောင့် ပဲခူးမြစ်အနီးနှင့် ရေဝင်ရောက်နိုင်သည့် နေရာများမှ ပြည်သူများအနေဖြင့် မြစ်ရေမြင့်တက်မှု၊ မိုးရွာသွန်းမှု အခြေအနေများကို အထူးသတိပြု စောင့်ကြည့်ရန်နှင့် ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် တာဝန်ရှိသူများက သတိပေးနှိုးဆော်ထားသည်။

ထို့ပြင် ပဲခူးအရှေ့ခြမ်းရှိ ရွှေကျင်မြို့နှင့် မဒေါက်မြို့တို့တွင်လည်း မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိနေသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ - Than Win Naing

တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...
ဓာတ်ပုံ - PRF
September 1, 2026
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် မှာ...
လှိုင်ကနီ-တောင်ပေါက်ရွာကြား သြဂုတ်လ ၂၁ ရက်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားစဉ် / Crd
September 1, 2026
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မွန်နှင့် ကရင်ပြည်အတွင်း မြို့နယ်အချို့၌ စက်လှေအသုံးပြု...