စစ်သင်္ဘောဆန်တက်စဉ် မြစ်ကမ်းဘေး တိုက်ပွဲဖြစ်၍ အရပ်သား ၄ ဦး သေဆုံး

စစ်သင်္ဘောဆန်တက်စဉ် မြစ်ကမ်းဘေး တိုက်ပွဲဖြစ်၍ အရပ်သား ၄ ဦး သေဆုံး
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)

မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု ရွှေကူမြို့နယ်ဘက်သို့ ဦးတည်ဆန်တက်နေချိန် ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျွန်းတော်ကျေး ရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် စစ်အုပ်စုတပ်က ကျွန်းတော်ကျေးရွာဘက်သို့ မြေပြင်စစ်ကြောင်းထိုး လာ သဖြင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဒီကောင်တွေ ရွှေကူထဲကနေ အဲ့ဘက်ကူးလာပြီး ရေလဲ၊ မိုးစစ်နဲ့ ကျွန်းတော်၊ သဘော်အင်း အဲ့ဘက်တွေ ထိုး လာတာရှိတယ်။ အဲ့ဒါနဲ့ ဟိုဘက်ကအဖွဲ့နဲ့ ခဏတာ ထိတွေ့ဖြစ်တဲ့သဘောမျိုး ဖြစ်လိမ့်မယ်” ဟု ၎င်းက ပြော သည်။

ကျွန်းတော်ကျေးရွာသည် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းပေါ်တွင် တည်ရှိပြီး ရွှေကူမြို့နှင့် မြစ်တစ်ဖက်ကမ်း တည် ရှိသည်။ အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ ရှော့တိုက်ဒုံးနှင့် တိုက်ခိုက်ရေးဒရုန်း (Suicide Drone) များ အပါအဝင် လက်နက်မျိုးစုံ အသုံးပြုပစ်ခတ်ခဲ့ကြသဖြင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရသည်။

ရွှေကူမြို့ခံတစ်ဦးက “ညက ကျွန်းတော်ကို စစ်ကြောင်းတက်ချိန် ပစ်ခတ်မှုဖြစ်တယ်။ ပြည်သူ ၄ ယောက်သေ တယ်။ ရှော့တိုက်ဒုံးတွေရော suicide drone တွေရော အစုံပဲပစ်တာ။ စစ်ကြောင်းက မတိုးနိုင်ဘူး။ စကစ ဘက်က ကျဆုံးမှုများတယ်။ နောက်တော့ လေယာဉ်ရောက်လာရော ပတ်ကျဲရော” ဟု ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အရပ်သား ၄ ဦးတွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ထိခိုက် ဒဏ်ရာ ပြင်းထန်သဖြင့် ရွှေကူမြို့ပေါ် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဆေးရုံ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် မဘိမ်းမြို့နယ်မှ ရောက်ရှိလာသည့် စစ်ကြောင်းနှင့် ရွှေကူမြို့နယ်မှ ပူးပေါင်းစစ်ကြောင်းတို့သည် ဗန်းမော် မြို့သို့ ဦးတည်နေသော်လည်း စစ်ကြောင်း တိုးမရဖြစ်နေသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန် တစ်ပြိုင်တည်းမှာပင် ဩဂုတ်လ ၂၁ ရက်မှစ၍ မန္တလေးမှ ထွက်ခွာလာသော စစ်အုပ်စု၏ သင်္ဘောအုပ်စုသည် ကသာနှင့် ရွှေကူဘက်သို့ ဦးတည်ဆန်တက်လာနေသည်။ အဆိုပါ သင်္ဘော အုပ်စုတွင် တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီးနှင့် တွဲတွန်းသင်္ဘော ၈ စီး ပါဝင်ကာ စုစုပေါင်း သင်္ဘော ၁၅ စီးခန့် ရှိသည်။

သင်္ဘောအုပ်စုသည် မြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် မြစ်ကမ်းဘေးသို့ လက်နက်ကြီးများနှင့် စက်သေနတ် များ အသုံးပြု၍ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ထီးချိုင့်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်သင်္ဘောအုပ်စုသည် ကသာမြို့နယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရွှေကူမြို့နယ်အတွင်းသို့ ဆက်လက်ဆန်တက်ကာ ကမ်းကပ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခန့်မှန်းထားသည်။

“ကျမအထင်တော့ ဒီနေ့က ရွှေကူလောက်ထိတော့ ရောက်နိုင်မယ်ထင်တယ်။ သူတို့ရွှေကူမှာလည်း တိုက်ပွဲတွေ ဖြစ်နေတော့လေ။ အဲ့ဒီမှာ ကပ်မယ့်ပုံစံရှိတယ်ရှင့်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်သင်္ဘောအုပ်စု ဆန်တက်လာနေချိန်တွင် မြစ်တစ်ဖက်ကမ်း ကျေးရွာများ၌လည်း စစ်အုပ်စုတပ်က မြေပြင် စစ်ကြောင်းများ ထိုးလာနေသဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံများမှာ လေကြောင်းနှင့် လက် နက်ကြီး အန္တရာယ်များကို သတိထားနေကြရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...