လွိုင်ကော်မြို့တွင်း သွားလာသူတွေကို စစ်တပ်က စစ်ဆေးမှုတင်းကြပ်

လွိုင်ကော်မြို့တွင်း သွားလာသူတွေကို စစ်တပ်က စစ်ဆေးမှုတင်းကြပ်

စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools box တို့ကို စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က စစ်ဆေးတင်းကြပ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျနော် အပြင်သွားတော့ အိတ်လွယ်သွားမိတော့ သူတို့ သေချာ စစ်တယ်။ ဖုန်းတွေထဲလည်း စစ်တယ်။ ဖမ်းခံရတဲ့ ကလေး ၂ယောက် ရှိတယ်လို့တော့ ကြားတာပဲ " လို့ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့ရဲ့ စစ်ဆေးမှုကို မျက်မြင်ကိုယ်တွေ့ကြုံရတဲ့ မြို့ခံလူငယ်တဦးက ပြောပါတယ်။

စစ်ဆေးတွေ့ရှိပြီးနောက် မသင်္ကာပါက ဖမ်းဆီးမှုရှိနေတာကြောင့် မြို့တွင်း သွားလာတဲ့အခါ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ လူတယောက်ဆိုရင် ၁၅ မိနစ်လောက်ကြာတဲ့အထိ စစ်တယ်။ အထူးသဖြင့် ယောကျ်ားတွေပေါ့။ စလော့ဂိမ်း ဆော့၊ မဆော့လည်း စစ်တယ်။ နိုင်ငံရေးနဲ့ပတ်သက်တာတွေကော ဖုန်းတွေယူစစ်တာ။” လို့ နောက်ထပ် မြို့ခံတဦးကလည်း ပြောပါတယ်။

တော်လှန်ရေးနယ်မြေကနေ လွိုင်ကော်မြို့တွင်းကို ပြန်လည်ရောက်ရှိလာတဲ့ လူငယ်တွေရှိနေကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပြီးနောက် အခုလို စစ်ဆေးမှုတွေ တင်းကြပ်လာတယ်လို့ ဆိုပါတယ်။

အခုလို မြို့တွင်းသွားလာတဲ့အခါ စစ်ဆေးတင်းကြပ်မှုတွေအပြင် ညပိုင်းအချိန်မှာလည်း နေအိမ်တွေမှာ ဧည့်စာရင်းလာရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ည ၁၁လောက်လည်း ဧည့်စာရင်းလာစစ်ကြတယ်။ ရပ်ကွက်ထဲလည်း(နမ့်ဘော်ဝမ်) အရမ်းစစ်တယ် ။ အိမ်က မောင်လေးတွေကို စိတ်ပူလို့ ဟိုနားဒီနားတောင်မသွားခိုင်းရဲဘူး" လို့ နမ့်ဘော်ဝမ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းက နမ့်ဘော်ဝမ် ၊ ကြည်သာယာ၊ ပန်ကန်း စတဲ့ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်ဆေးတာ အများဆုံးဖြစ်ပြီး လူငယ်အမျိုးသားတွေကို ပိုမိုစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...