နိုင်ငံတကာက တားမြစ်ထားတဲ့ဗုံးတွေနဲ့ ချင်းပြည်ကို အပြင်းအထန် တိုက်ခိုက်နေ

နိုင်ငံတကာက တားမြစ်ထားတဲ့ဗုံးတွေနဲ့ ချင်းပြည်ကို အပြင်းအထန် တိုက်ခိုက်နေ

စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ဒေသခံပြည်သူတွေရဲ့စိုးရိမ်ထိတ်လန့်မှုတွေ အလွန်မြင့်မားလာနေတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း ( WJ) က မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  အရပ်သား ၁၆ ဦးသေဆုံးပြီး၊ ၂၇ ဦးထိခိုက်ဒဏ်ရာရခဲ့သလို ပစ်သတ်ခံရတဲ့သူ ၂ ဦးလည်းရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံအပါအဝင် အဆောက်အအုံပေါင်း ၁၉၀  ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း WJ က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုစိပ်ကပ်လာပြီး  လူနေကျေးရွာတွေကို  တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်လာနေတယ်လို့လည်း  WJ က ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ချင်းပြည်နယ် ထန်တလန်၊ မတူပီ၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက် ကပြည်သူ ၄၀၀၀၀ ကျော်လည်း အိန္ဒိယနယ်စပ်ဘက်ကို ခိုလှုံနေရပြီး ၎င်းတို့အတွက်လည်း အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးအပေါ် လိုအပ်နေကြတယ်လို့ ဆိုပါတယ်။

တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း ( WJ) အဖွဲ့အစည်းဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း သတင်းမှတ်တမ်း နှင့် သုတေသန လုပ်ငန်းစဉ်တွေအပြင် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီး နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ ပေးတာ ထောက်ပံ့ကူညီပေးတာတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ 

May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...
May 19, 2026
ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေဖြစ်တဲ့ ကန်ပက်လက်၊ ကျောက်၊ ဆော နယ်အတွင်း...
May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...
May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...