ဖလမ်းမြို့နားမှာ တိုက်ပွဲပြင်းထန်နေ

ဖလမ်းမြို့နားမှာ တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ ဖလမ်းမြို့ထဲ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ ဖလမ်းမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက "စစ်ကြောင်းက မြို့ထဲမဝင်သေးပါဘူး။ ဗားရ်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတစ်ခုနဲ့  ဆူရ်ဘုန်လေဆိပ်ကိုသွားတဲ့ စစ်ကြောင်း ၂ ခုလုံးနဲ့  တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်။ မနက်စောစော မိုးမလင်းခင်ကတည်းကနေ ဂျက်ဖိုက်တာတွေနဲ့လည်း တိုက်ခိုက်တာတွေရှိတယ်” လို့ပြောပါတယ်။

ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ဗားရ်တံတား နဲ့ ဖလမ်းမြို့နားက ဆူရ်ဘုန်လေဆိပ်ဘက်ကို ဦးတည်တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ အင်အား ၆၀၀ ကနေ ၈၀၀ ဝန်းကျင်ခန့်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကစလို့  အင်အားဖြန့်ပြီး စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့လောက်ကနေ စတင်ပြီး ကလေး - ဝေဘူလ ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး - သိုင်းငင်းဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ထိုးလာပြီး ဖလမ်းမြို့နဲ့ ၁၃ မိုင်၊ ၁၅ မိုင်ခန့်အကွာမှာ ရှိတဲ့ Khungli ရွာ၊ Sumhrang ရွာတွေမှာ ခြေကုတ်ယူပြီးနောက်ပြီး ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလလောက်မှာ သိုင်ငင်းဘက်ကနေ အင်အားအလုံးအရင်းနဲ့ ဗားရ်တံတားဘက်ကို ဦးတည်လာပြီး အဲဒီစစ်ကြောင်းဟာ တဖြည်းဖြည်းနဲ့ ဖလမ်းမြို့နဲ့ နီးလာပြီး ဗားရ်တံတားကျော်တက်လာတာဖြစ်တယ်လို့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

June 24, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ကို ဧပြီလ ၁၁ ရက်နေ့ကနေ ဇွန်လ ၂၂ ရက်အတွင်း လေကြောင်း...
June 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း)က စစ်ဘေးရှောင်အရပ်သားပြည်သူတွေ...
June 22, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာလို့ မရအောင်...
June 20, 2026
ဖိနှိပ်မှုတွေကြားက မတုန်လှုပ်ဘဲ မိမိယုံကြည်ချက်ကို ခိုင်မြဲစွာရပ်တည်လျက်...