ရေးမြို့ရှိ စကခ ၁၉ လက်နက်တိုက် မီးလောင်ပေါက်ကွဲ

ရေးမြို့ရှိ စကခ ၁၉ လက်နက်တိုက် မီးလောင်ပေါက်ကွဲ

မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၉) မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တပ်တွင်းတာဝန်ရှိသူများ စစ်ဆေးခံနေရပြီး အချင်းချင်း သံသယဖြစ်နေကြကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်နှင့် မြို့ခံများက ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှစ၍ (စခက ၁၉) တပ်တွင်းရှိ လက်နက်တိုက်မှ မီးလောင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နာရီနှင့်ချီ ပေါက်ကွဲမှုကြောင့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ကျည်အများအပြား မီးလောင်ပျက်စီးသွားခဲ့ရသည်။

ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်မှ ၎င်းဖြစ်စဉ်ကို ရဟတ်ယာဉ်ဖြင့် လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး တပ်တွင်းရှိ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချင်းချင်းလည်း စည်းလုံးမှု ပျက်ပြားနေကြကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်မှ ပြောသည်။

“ တပ်တွင်း မယုံကြည်မှုတွေဖြစ်နေတယ်။ ပြီးတော့ သူတို့အထက်က တိုင်းစစ်ဌာနချုပ်တွေပါ လာရောက်စစ်ဆေးနေတယ်လို့ ကြားတယ်ပေါ့နော်။ ပြီးတော့ သူတို့ လက်နက်ခဲယမ်းတွေ အများကြီး ဆုံးရှုံးသွားတာကို မကျေနပ်ဖြစ်နေတယ်။ အဲ့ကြောင့် တော်လှန်ရေးအဖွဲ့တွေ လေကြောင်းတိုက်ခိုက်မှု သတိထားဖို့လိုနေတယ် ” ဟု ရေးဘီလူးခေါင်ဆောင်က ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စကခ ၁၉ ဝန်းကျင်ရှိ လမ်းများကို စစ်တပ်က ပိတ်ထားပြီး  ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းမှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု ဒေသခံတစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားထားသည်။

လက်နက်တိုက်မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း ရေးမြို့နယ်မှ မီးသတ်ကားနှင့် စစ်တပ်အဖွဲ့မှ ၎င်းလက်နက်တိုက်ကို ၂ နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“ လက်နက်တိုက် မီးလောင်ပေါက်ကွဲတဲ့ကိစ္စက ဘယ်ကနေစဖြစ်လဲဆိုတာ ဘယ်သူမှ အတိအကျမသိနေဘူး။ လျှပ်စစ်ဝါးယားကြိုးပဲ ရှော့ဖြစ်တာလား၊ ရာသီဥတုပူလို့ ယမ်းပေါက်ပြီး လောင်သွားတာလားဆိုတာ မသိနေကြဘူး။ အမျိုးမျိုး ပြောနေကြတာ။ လက်နက်တွေကတော့ မီးလောင်းပီး အများကြီးပျက်စီးသွားတယ်။ ဆုံးရှုံးမှု များနေတယ်လို့ ကြားတယ်‌”ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လာရောက်မီးငြိမ်းသည့် မီးသတ်တပ်ဖွဲ့များအား ဓါတ်ပုံမှတ်တမ်းယူခြင်း ကန့်သတ်ခဲ့သည့်အပြင် အဆိုပါမီးလောင်ပေါက်ကွဲမှုကို ရော်ဘာခြံ မီးလောင်မှုကြောင့် ဖြစ်သည်ဟုလည်း စစ်ကော်မရှင်အဖွဲ့မှ သတင်းလွှင့်ပြောဆိုလျက်ရှိသည်။

အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) သည် ခြေမြန်တပ်မအသွင်ယူထားသည့် တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်သည့်အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်ပြီး တော်လှန်ရေးတပ်များမှ ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်နေသည့်အတွက် လုံခြုံရေးအထူးတင်းကြပ်ထားသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...