သထုံတွင် ယာဉ်တိုက်မှုဖြစ်၍ သံဃာတော်များအပါ ၁၀ ဦး သေဆုံး

သထုံတွင် ယာဉ်တိုက်မှုဖြစ်၍ သံဃာတော်များအပါ ၁၀ ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး သံဃာတော်များအပါအဝင် ၁၀ ဦး သေဆုံးကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က အကောင်းကြိုက်ဆိုင်အနီးတွင် သံဃာတော်များ၊ ကိုရင်များနှင့် လူပုဂ္ဂိုလ်များ စီးနင်းလိုက်ပါလာသော Hiject ယာဉ်နှင့် မန္တလာ ခရီးသည်တင်မှန်လုံယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မိမှုဖြစ်ပွားစဉ်အတွင်း သံဃာတော် ၅ ပါး၊ ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး၊ အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်တဲ့နေရာမှာ သံဃာတော် ၅ ပါး၊ ကိုရင် ၁ ပါး ပျံလွန်တော်မူပြီးတော့ အမျိုးသား ၃ ဦးလည်း သေဆုံးသွားတယ်။ ဆေးရုံရောက်ပြီးတော့ နောက်ထပ် သံဃာတော် ၁ ပါး ထပ်ပျံလွန်တော်မူသွားတယ်။ စုစုပေါင်း သေဆုံးသွားတာက ၁၀ ဦးပေါ့” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဘုရားဖူး Hiject ယာဉ်ပေါ်တွင် သံဃာတော်၊ ကိုရင်နှင့် အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၉ ဦး လိုက်ပါစီးနင်းလာကြောင်း ယာဉ်တိုက်မိမှုဖြစ်ပွားစဉ်အတွင်း ဘုရားဖူး Hiject ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် သံဃာတော် ၆ ပါး၊ ကိုရင် ၁ ပါးနှင့် အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် သံဃာတော် ၆ ပါးနှင့် အမျိုးသား ၃ တို့ကို အကြင်နာတွဲလက်၊ ပီတိနှလုံးသား၊ နှလုံးသားလှ၊ မေတ္တာရှင်နှင့် သင်္ခါရ စသည့် လူမှုကူညီရေးအသင်းပေါင်းစုံတို့၏ အကူအညီဖြင့် သထုံပြည်သူ့ဆေးရုံနှင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ခရီးသည်တင် မှန်လုံယာဉ်ပေါ် လိုက်ပါစီးနင်းလာသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...